နားဖာချေးရဲ့ လျှို့ဝှက်ချက်
နားဖာချေးဟာ ပုံမှန်ဆွေးနွေးလေ့မရှိတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ လူအများစု နားလည်ထားတာက နားဖာချေးဆိုတာ ခန္ဓာကိုယ်မှ စွန့်ထုတ်လိုက်တဲ့ သာမန်ပစ္စည်းတစ်ခုပါပဲ။ ဒါပေမဲ့ နားဖာချေးမှာ လူတော်တော်များများ မသိသေးတဲ့လျှို့ဝှက်ချက်တွေ ရှိပါသေးတယ်။
1. ရွှေ့ပြောင်းနိုင်တဲ့ ထူးခြားချက်တစ်ခု ရှိပါတယ်။ မှင်တစ်စက်ကို နားထဲသို့ အစက်ချပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း စောင့်ကြည့်ပါက ထိုမှင်စက်ဟာ နားအပြင်ဘက်သို့ ရောက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နားအတွင်းရှိဆဲလ်သေများ၊ ဖယောင်းဆီများဖြင့် ဖွဲ့စည်းထားသော နားဖာချေးဟာလည်း နားအတွင်းရှိ ချွေးဂလန်းများ၏ လှုပ်ရှားမှုများကြောင့် နားအပြင်သို့ ရောက်လာခြင်း ဖြစ်ပါတယ်။ စားသောက်ခြင်း၊ ကြိတ်ဝါးခြင်း၊ စကားပြောခြင်းစသော လှုပ်ရှားမှုများကလည်း နားဖာချေးနားအပြင်ရောက်လာအောင် ထောက်ပံ့ပေးနေပါသေးတယ်။
2. နားဖာချေးဟာ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ၎င်းဟာနားအတွင်းရှိ လှိုဏ်ခေါင်းများကို အစိုဓာတ်ပေးနိုင်တာကြောင့် အလွယ်တကူ ယားယံခြင်းမဖြစ်နိုင်ပါဘူး။ ဒါ့အပြင် နားအတွင်းရှိ လှိုဏ်ခေါင်းများဟာ မှောင်မိုက်စိုစွတ်နေတာကြောင့် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားရန် အကောင်းဆုံးဖြစ်ပါတယ်။ နားဖာချေးတွင် မှိုသတ်နိုင်သောအာနိသင်နှင့် ဘက်တီးရီးယားပိုးမွှားများကို သုတ်သင်နိုင်သော အာနိသင်များရှိနေပါတယ်။ ဒါ့ကြောင့် နာဖာချေးများကို မလိုအပ်ဘဲနဲ့ မဖယ်ရှားသင့်ပါဘူး။ ရှေးအခါက နားဖာချေးကို နှုတ်ခမ်းဆိုးဆေး အဆီအဖြစ်လည်းကောင်း၊ အနာကျက်ဆေးအဖြစ်လည်းကောင်း သုံးခဲ့ကြပါတယ်။
3. လူတစ်ယောက်ရဲ့ မျိုးနွယ်စုံကို နားဖာချေးကို ကြည့်ခြင်းအားဖြင့် ခွဲခြားနိုင်ပါတယ်။ ဥပမာဆိုပါတော့ လူတစ်ယောက်ရဲ့ နာဖားချေးဟာ ခြောက်နေမယ်ဆိုရင် ထိုလူဟာ တရုတ် သို့မဟုတ် ဂျပန်ဟု အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။
4. လိုအပ်လို့ နားဖာချေးကို ဖယ်ရှားမယ်ဆိုရင်တော့ ရေကို အခြေခံထားတဲ့ သန့်စင်ဆေးရည် ၊ နားအတွက် အထူးပြုလုပ်ထားတဲ့ ဆေးထိုးပြွန်ကိုသုံးပြီး ဖယ်ရှားနိုင်ပါတယ်။ ဒါတောင် အကောင်းဆုံးနည်း မဟုတ်ပါဘူး။ အကောင်းဆုံးနည်းကတော့ vaccum cleanser ကို အသုံးပြုတဲ့ micro-section နည်းပဲဖြစ်ပါတယ်။ cotton pad များကိုတော့ နားပြင်ပမျက်နှာပြင ်သန့်ရှင်းရေးလုပ်ရန်အတွက်သာ သုံးသင့်ပါတယ်။
5. နောက်ဆုံးတစ်ချက်ကတော့ heavy metal ကဲ့သို့သော ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ အရာများရှိရင် နာဖာချေးထဲမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ သွေးဖောက်ပြီး စစ်ဆေးတာလိုမျိုး ယုံကြည်လို့မရပါဘူး။
Dr. Htet Htet Aung (www.drmyanmar.com)






























