/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေပူထဲထွက်ရင်-ခေါင်းကိုက်တတ်သလား

နေပူထဲထွက်ရင် ခေါင်းကိုက်တတ်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နွေရာသီအားလပ်ရက်တွေမှာ နေပူထဲမှာဆော့ကြတယ်၊ ရေကူးကြတယ်၊ ဒါတွေလုပ်နေတုန်းတော့ပျော်စရာကောင်းပေမယ့် ပြီးရင်တော့ခေါင်းကိုက်ပါလေရော။ အလင်းရောင်အများဆုံးအချိန်မှာ လှုပ်ရှားမှုတွေလုပ်ရင် (သို့) နေပူထဲမှာခဏလောက်မှေးရင်တောင်မှ ခန္ဓာကိုယ်က နေရောင်ကိုတုန့်ပြန်မှုရှိပါတယ်။

>> အမျိုးအစားများ

လူတွေက နေရောင်ဒဏ်ကိုမခံနိုင်တဲ့အတွက်ကြောင့် နေနဲ့ထိတွေ့တဲ့အခါမှာ ခေါင်းကိုက်စေပါတယ်။ နေပူပြင်းတဲ့ ဆောင်းတွင်းနဲ့ နွေရာသီအချိန်တွေမှာ အပြင်ဘက်နေရောင်အောက်မှာ အကြာကြီးနေရင် ခေါင်းတစ်ခြမ်းကိုက်စေပါတယ်။ နေပူထဲမှာနေတဲ့အချိန်မှာ ခေါင်းမှာရှိိတဲ့ အာရုံကြောနဲ့တစ်သျှူးတွေက ပုံစံတစ်မျိုးပြောင်းသွားပြီးတော့ ခေါင်းဘေးဘက်တွေနဲ့ရှေ့မှာရှိနေတဲ့ အာရုံကြောအစွန်လေးတွေကိုသွားထိပြီးတော့ ခေါင်းကိုက်စေပါတယ်။

>> နေရောင်ရဲ့သက်ရောက်မှုများ

ခေါင်းကိုက်နေကျလူတွေမှာဆိုရင် ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ပုံမှန်ခေါင်းကိုက်တာတွေကိုခံစားရစေပါတယ်။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာ၊ နေရောင်မျက်စိကိုထိုးနေတာတွေကြောင့်လည်းခေါငး်ကိုက်တတ်ပါတယ်။ နွေရာသီမှာဆိုရင် ညဆိုနောက်ကျမှအိပ်ပြီးတော့ မနက်ကို နောက်ကျမှထတဲ့အခါမှာ မနက်စာချိန်ကျော်သွားတာတွေကလည်း ခေါင်းကိုက်တတ်သူတွေကိုခေါငး်ပိုကိုက်စေနိုင်သလို အိပ်ချိန်များလွန်းရင်လည်း ခေါငး်ကိုက်တတ်ပါတယ်။ နေ့ဘက်နေပူပူအောက်မှာ လေ့ကျင့်ခန်းလုပ်တာကလည်း ခန္ဓာကိုယ်အပူတွေတက်စေပြီးတော့ခေါငး်ကိုက်စေပါတယ်။

Bio Adult 1

>> ခေါင်းကိုက်တာတွေ သက်သာစေဖို့အတွက် ဘာလုပ်ကြမလဲ

ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်ပေးပါ။ လက်ဖက်ရည်အေးတွေ၊ အချိုရည်တွေက ရေငတ်ပြေစေတယ်လို့ထင်ရပေမယ့်လည်း တကယ်တမ်းကျတော့ဒါတွေက citric acid ကိ်ု sensitive ဖြစ်တဲ့သူတွေမှာ ခေါင်းကိုက်တာကိုပိုဆိုးစေပါတယ်။ ကိုယ်ရေငတ်တယ်လို့မခံစားရခင်မှာ ရေကိုကြိုပြီးသောက်ပေးထားပါ။ တစ်နေ့ကို ရေ ၁-၂ လီတာလောက်သောက်ပေးပြီးတော့ ကဖင်းလျှော့သောက်ပါ။ နေ့တိုင်း အိပ်ချိန်၊ ထချိန်ကိုပုံမှန်သတ်မှတ်ထားပါ။ ကိုယ့်မှာ အစာသေချာထိုင်စားဖို့အချိန်မရှိဘူးဆိုရင်တောင်မှ သကြားဓာတ်ကမကျသွားစေဖို့ အာဟာရပြည့်ဝတဲ့ သွားရည်စာတွေစားပေးပါ။ အပြင်သွားရင် အရောင်ဖျော့ဖျော့အဝတ်အစားတွေ၊ နေကာမျက်မှန်၊ ဦးထုပ်စတာတွေဝတ်ဆင်သွားပါ။

>> ဒီိအချက်တွေကိုလည်းထည့်စဉ်းစားဖို့လိုတယ်နော်

စိတ်ဖိစီးမှုတွေက ခေါင်းတစ်ခြမ်းကိုက်တာကိုပိုဆိုးစေလို့ ဖြစ်နိုင်ရင် ကိုယ်လုပ်ရမယ့်အလုပ်တွေကို သေချာအစီအစဉ်ဆွဲထားပါ။ လုပ်ရမယ့်အလုပ်တွေကို သေချာချရေးထားပြီးတော့ အစီအစဉ်တကျလုပ်တာ၊ တခြားသူတွေကိုလည်းအလုပ်တွေခွဲပေးတာတွေလုပ်ပြီး ဖိအားတွေကိုလျှော့ချပါ။ ကိုယ်အတွက် အနားယူအပန်းဖြေဖို့အချိန် ရအောင်ယူပါ။ အလုပ်ပြီးရင် ၃၀-၄၅ မိနစ်လောက််နားချိန်ယူပြီးတော့ အပန်းဖြေပြီးစိတ်ဖီစီးမှုတွေကိိုဖြေလျှော့ပါ။ ဘာမှလုပ်စရာမရှိရင် ခွေးလေး၊ကြောင်လေးနဲ့ဆော့တာဖြစ်ဖြစ်၊ ပန်ကာဘေးလေးမှာလှဲပြီးတော့မျက်လုံးလေးမှိတ်ပြီးအနားယူပါ။

နွေရာသီိမှာကြုံရတဲ့ခေါင်းကိုက်တာတွေထဲမှာအဖြစ်များဆုံးကတော့ tension headache ပါ။ နောက်ကြောတွေတင်းနေတာက နေ ခေါင်းနောက်ကိုတက်လာပြီးတော့ ခေါငး်တွေကိုက်ပါတယ်။ ဒီလိုခေါင်းကိုက်တာတွေကိုခံစားရပြီဆိုရင်တော့ နေပူထဲမထွက်ပဲ တစ်နိုင်သမျှ အိမ်ထဲမှာပဲနေပြီးကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Bio Adult 2

(Unicode)







Dr. Mya Myo Myo Swe (www.drmyanmar.com)