/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေရောင်ခြည်ရဲ့-ကောင်းကျိုးဆိုးကျိုးများ

နေရောင်ခြည်ရဲ့ ကောင်းကျိုးဆိုးကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နေရောင်ခြည်ဟာ လူတွေအတွက် ကောင်းကျိုးရော၊ ဆိုးကျိုးကိုပါ ဖြစ်စေနိုင်ပါတယ်။ ဘာတွေလဲလို့ ကြည့်လိုက်ရအောင်။

>>  ကောင်းတဲ့အချက်တွေက -
၁။  စိတ်ခံစားချက်ကို တက်ကြွကောင်းမွန်စေပါတယ်။

၂။  စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။
လူတိုင်းမှာ အလုပ်၊ မိသားစု၊ ကျန်းမာရေး စတာတွေနဲ့ စိတ်ဖိစီးမှုတွေ ရှိတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ ကိုယ်ဝါသနာပါတာ လုပ်တာ၊ လမ်းလျှောက်ပြီး နေရောင်ခြည် နည်းနည်းခံတာမျိုး လုပ်ပေးသင့်ပါတယ်။

၃။  အိပ်ချိန်ကို ထိန်းညှိပေးတယ်
လူတွေရဲ့ဦးနှောက်က မှောင်လာရင် အိပ်ချင်စိတ်ကို ဖြစ်စေတဲ့ melatonin ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးပါတယ်။ ဒါကြောင့် နွေရာသီဆို လူက ပိုပြီးလန်းဆန်းတက်ကြွနေတတ်ပါတယ်။

၄။  ဗီတာမင်ဒီကို ရရှိစေပါတယ်
ဗီတာမင်ဒီက အရိုးတွေကို သန်မာစေပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းက ခန္ဓာကိုယ်ကို ဗီတာမင်ဒီ ထုတ်လုပ်စေပါတယ်။ တစ်ရက်ကို ၁၅ မိနစ်လောက် ထိတွေ့ပေးရင် လုံလောက်ပါတယ်။

>>  ဆိုးကျိုးတွေကရော -
၁။  မျက်စိကို ထိခိုက်စေပါတယ်
နေရောင်ခြည်မှာပါတဲ့ UV rays တွေနဲ့ အကာအကွယ်မပါဘဲ အချိန်အကြာကြီး ထိတွေ့တာက မျက်ကြည်လွှာကို ထိခိုက်စေပါတယ်။

၂။  အပူလွန်ကဲမှုကို ဖြစ်စေပါတယ်
ပူလွန်းလို့ ချွေးထွက်များပြီး ရေတွေ၊ ဓာတ်ဆားတွေ ဆုံးရှုံးတဲ့အခါ ဒီလိုလက္ခဏာတွေ တွေ့ရပါတယ်။
ခေါင်းကိုက်တာ၊ မူးဝေတာ၊ ပျို့အန်တာ၊ အင်အားမရှိသလို ခံစားရတာ၊ စိတ်တို၊ စိတ်ရှုပ်တာ၊ ရေငတ်တာ၊ ချွေးထွက်များတာ၊ ကိုယ်အပူချိန်တက်တာ၊ ဆီးထွက်နည်းတာ စတာတွေ ခံစားရနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အပူလွန်ကဲတာကို မကုသဘဲထားရင် အပူရှပ်တတ်ပါတယ်။ အသက်ပါ ဆုံးရှုံးစေနိုင်ပါတယ်။
●  အပူလျှပ်တဲ့ လက္ခဏာတွေကတော့ -
သတိမကောင်းတော့တာ၊ စကားကောင်းကောင်း မပြောနိုင်တော့တာ၊ သတိလစ်တာ၊  အသားအရေက ပူပြင်း၊ ခြောက်သွေ့ပြီး ချွေးမထွက်တော့တာ၊ တက်တာ၊ နေလောင်တာ၊ နီရဲ နာကျင်တာ၊ ရောင်တာ၊ အရည်ကြည်ဖုထတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ ချမ်းတာ စတဲ့ တုပ်ကွေးလက္ခဏာတွေ ပေါ်တတ်ပါတယ်။ ဒီလိုတွေဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

၃။  ပူလို့  အယားဖုတွေထတာ
အနီဖုသေးသေးလေးတွေ၊ အရည်ကြည်ဖုလေးတွေပါ။ တံတောင်ဆစ်၊ ပေါင်၊ ချိုင်း၊ လည်ပင်း စတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။ အေးတဲ့နေရာမှာနေ၊ အရည်ပြားကို ခြောက်သွေ့အောင် ထားပါ။

၄။  အရေပြားကင်ဆာ
ဒါကတော့ အဆိုးရွားဆုံးပါပဲ။ အိုမင်းပြီး အရေးအကြောင်းတွေ ဖြစ်ပေါ်စေကာ UV က ကော်လဂျင်ကို ထိခိုက်စေပြီး အသားအရေတွဲကျ၊ အရေးအကြောင်းတွေ ပေါ်စေပါတယ်။

Dr. Htar (www.drmyanmar.com)