/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေ့စဉ်သုံးပစ္စည်းတွေကနေ-ဖန်တီးလိုက်တဲ့-ကျန်းမာရေးအသုံးအဆောင်များ

နေ့စဉ်သုံးပစ္စည်းတွေကနေ ဖန်တီးလိုက်တဲ့ ကျန်းမာရေးအသုံးအဆောင်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●        အကြားအာရုံ ချို့တဲ့သူတွေအတွက် ထုတ်ထားတဲ့ နားကြားပစ္စည်းလေးတစ်မျိုး ရှိပါတယ်။ တစ်ခုကို ဒေါ်လာသုံးရာလောက်သာ ကျသင့်ပြီး ဘလူးတု လို့ခေါ်တဲ့ ဖုန်းတွေမှာ ပါဝင်တဲ့ ဆက်သွယ်ရေး နည်းပညာကို အသုံးချလို့ လိုသလို တပ်နိုင်/ဖြုတ်နိုင် ညှိနိုင်တဲ့ နားကြားကိရိယာလေးကို ဖန်တီးလိုက်တာပါ။

●        ကွန်ပျူတာတွေမှာ ဗီဒီယို Call ပြောတဲ့ Webcam နည်းပညာကို အသုံးချပြီး ဒေါ်လာကိုးဆယ်လောက်သာ ကျသင့်တဲ့ သွေးစီးဆင်းမှုစောင့်ကြည့်တဲ့ ကိရိယာလေးကို ဖန်တီးထားပါတယ်။

●        ကင်ဆာကုတဲ့အခါ ဆိုးကျိုးများတဲ့ ဓာတ်ရောက်ခြည်ကို သုံးမယ့်အစား အသံလွှင့်ရာမှာသုံးတဲ့ ရေဒီယိုလှိုင်းတွေကို အစားထိုးဖို့ စဉ်းစားခဲ့သူကတော့ အသံလွှင့်ဌာနမှာ လုပ်နေသူ အင်ဂျင်နီယာပညာရှင် ကင်ဇီးယပ်ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း ကင်ဆာဝေဒနာခံစားခဲ့ရပြီး ဒါကိုစဉ်းစားမိခဲ့တာပါ။ ရေဒီယိုလှိုင်းတွေဟာ ကင်ဆာဆဲလ်တွေကို ရာနှုန်းပြည့် ချေမှုန်းနိုင်ပြီး ဆိုးကျိုး ပိုနည်းပါးပါတယ်။ လက်ရှိဓာတ်ရောင်ခြည်ကုထုံးကို အစားထိုးနိုင်ဖို့ ဆက်လက်ကြိုးစားနေကြပါတယ်။

●        ဈေးချိုပြီး အာနိသင်ကောင်းတဲ့ ဝက်ခြံပျောက်ဆေး မီနိုဆိုက်ကလင်းဟာ ဝက်ခြံပျောက်စေရုံသာမက စိတ်ရောဂါလက္ခဏာတွေကိုပါ အရှင်းသက်သာစေတာ တွေ့ခဲ့ကြပါတယ်။ ဈေးကြီးဆေးတွေထက်တောင် သူက ထိရောက်နေပါသေးတယ်။

●        မွေးကင်းစလေးတွေကို နွေးထွေးအောင်ထားတဲ့ ဖန်ပေါင်းချောင်လေးတွေကို အလုံအလောက်ထုတ်နိုင်ဖို့ မသုံးတော့တဲ့ ကားအစိတ်အပိုင်းအဟောင်းတွေကို ပြန်လည်ပြုပြင်ပြီး ဘေဘီပေါင်းချောင်းအသွင် ဖန်တီးကာ ထုတ်လုပ်ခဲ့ကြပါတယ်။

●        တစ်ခုကို ဒေါ်လာတစ်ရာပဲတန်တဲ့ အသက်ရှူစမ်းပစ္စည်းဟာ ကင်ဆာ ရှိ/မရှိ တွက်ချက် အဖြေထုတ်ပေးနိုင်ပါသတဲ့။ 80 ရာခိုင်နှုန်း မှန်ကန်ပါတယ်တဲ့။

●        အနီအောက်ရောင်ခြည်နီးပါး စွမ်းရည်တူတဲ့အလင်းကို အကြောပျော့ရောဂါနဲ့ မျက်စိဝေဝါးတာတွေ ဖြစ်စေတဲ့ ကိုယ်ခံအားလွန် ရောင်ရမ်းနာတစ်မျိုးမှာ အသုံးချလို့ရပါတယ်။ ဈေးသက်သာပြီး ထိရောက်တဲ့ကုသနည်းဖြစ်တဲ့ အလင်းကုထုံးကို စမ်းသပ်နေကြပါပြီ။

●        ဒီခေတ်မှာ ဆေးရုံတစ်ရုံ ဆောက်ရတာ အတော်မလွယ်တဲ့အလုပ်ပါ။ ကွန်တိန်နာတွေနဲ့ ဆေးရုံခန်းတွေ တီထွင်လိုက်တဲ့ ဉာဏ်ကိုတော့ ရွှေချရမှာပါပဲ။ ကွန်တိန်နာတွေကို အခန်းတွေအဖြစ် ဖန်တီးကာ ဆေးရုံအသွင်ပြောင်းတဲ့ တရုတ်နိုင်ငံဟာ အခုချိန်မှာ တောင်အာဖရိကနဲ့ တခြားနိုင်ငံတွေမှာ ကွန်တိန်နာဆေးရုံတွေ ဖန်တီးဆောက်လုပ်ပါတော့မယ်တဲ့။

●        အနာချုပ်တဲ့ ချုပ်ရိုးတွေအစား ပက်ကျိတွေက စစ်ထုတ်တဲ့ အရည်ပျစ်ချွဲချွဲတွေကို သုံးကြည့်ချင်လား။ အနာကို ကောင်းစွာ စေ့သွားစေပြီး အနာကျက်မြန်စေပါသတဲ့။ ဟက်တက်ကွဲအနာတွေမှာ သုံးနိုင်တဲ့ အစွမ်းထက်တဲ့ ပက်ကျိကရတဲ့ သဘာဝကော်လို့လည်း ဆိုကြပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)