နွားနို့သောက်ခြင်း၏ အကျိုးကျေးဇူးများ
1. ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်များကိုပေးစွမ်းနိုင်ပါတယ်
နွားနို့မှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (7)မျိုး ပါ၀င်ပါတယ်။ ဒါကြောင့် နွားနို့သောက်သုံးပါက ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း၊ မျက်စိအားကောင်းခြင်း၊ သွေးအားကောင်းခြင်းနဲ့ ခုခံအားစနစ်ကောင်းမွန်ခြင်း စတဲ့အကျိုးကျေးဇူးတွေရနိုင်ပါတယ်။
2. အရိုးနဲ့သွားများကိုသန်မာစေတယ်
နွားနို့မှာပါ၀င်တဲ့ ကယ်လ်ဆီယမ်ဟာ အရိုးကြီးထွားသန်မာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
3. အရိုးပွရောဂါဖြစ်ပွားနှုန်းမှ ကာကွယ်ပေးနိုင်တယ်
ဖောစဖိတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေဟာ အရိုးများသိပ်သည်းဆကိုကောင်းမွန်စေပြီး ကြံ့ခိုင်သန်စွမ်းစေပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသမီးများမှာ ဖြစ်လေ့ရှိတဲ့အရိုးပွရောဂါကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ်ဓာတ်ဟာ ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ဖောစဖိတ်နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေပါ၀င်တဲ့ နွားနို့ကို မှန်မှန်သောက်သုံးပေးပါ။
4. နှလုံးရောဂါဖြစ်ပွားနှုန်းမှ ကာကွယ်ပေးနိုင်ပါတယ်
လေ့လာမှုများအရနွားနို့ကို မှန်မှန်သောက်ပေးတာကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ နွားနို့မှာပါ၀င်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ သွေးဖိအားပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။
5. ဆဲလ်အသေများကိုဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်
နွားနို့ဟာအသားအရေလှပဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ နွားနို့မှာပါ၀င်တဲ့ လက်တစ်အက်ဆစ် (Lactic Acid) က ဆဲလ်အသေများကိုဖယ်ရှားပေးပြီး ဆဲလ်အသစ်များ ဖြစ်ပေါ်လာအောင် ကူညီဆောင်ရွက်ပေးပါတယ်။ နူးညံ့စိုပြေတဲ့အသားအရေကို ပိုင်ဆိုင်လိုပါက နွားနို့နဲ့ပေါင်းတင်လို့ရပါတယ်။
6. ကင်ဆာရောဂါများမှ ကာကွယ်ပေးပါတယ်
လေ့လာမှုများအရ နွားနို့ကိုမှန်မှန်သောက်သုံးတာကြောင့် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာအပါအ၀င် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်နိုင်စွမ်းရှိတယ်လို့သိရပါတယ်။
7. ရေဓာတ်ကိုပြည့်၀နေစေပါတယ်
နွားနို့မှာရေမော်လီကျူးအများအပြားပါ၀င်တာကြောင့် ခန္ဓာကိုယ်အတွင်းရှိရေဓာတ်ကို ထိန်းသိမ်းပေးပြီး ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ကလေးတွေမှာရေဓာတ်ကို ပိုမိုလိုအပ်တာကြောင့် နွားနို့ကိုပုံမှန်သောက်သုံးပေးသင့်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)