/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နွေရာသီမှာ-ဗီတာမင်စီဘာလို့ပိုလိုအပ်တာလဲ

နွေရာသီမှာ ဗီတာမင်စီဘာလို့ပိုလိုအပ်တာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နွေရာသီလဲရောက် အပူဒဏ်လည်းခံနေရတာဆိုတော့ ကိုယ်ခန္ဓာအတွက်အသုံးဝင်တဲ့ ဗီတာမင်လေးတခုအကြောင်း ဖတ်ကြည့်ရအောင်။

 

♦ နေလောင်ကွက်တွေနဲ့ ရဲတွတ်လာတတ်တဲ့ အရေပြားနုနုပိုင်ရှင်တွေအနေနဲ့ ဗီတာမင်စီကိုကြိုကြိုတင်တင်ဖြည့်တင်းထားခြင်းဖြင့် ကျန်းမာပြီးခံနိုင်ရည်ရှိတဲ့အရေပြားလေးကိုတည်ဆောက်ထားနိုင်ပြီပေါ့။

 

♦ အရေပြားကို စောစောမအိုမင်းစေဖို့က အင်တီအောက်ဆီးဒန့်တွေများများလိုအပ်တယ်နော်၊ နုပျိုကျန်းမာမှုကိုဆောင်ကျဉ်းဖို့ဗီတာမင်စီနဲ့အင်တီအောက်ဆီးဒန့်တွေ များများဖြည့်ထားလိုက်ကြမယ်လေ။

 

♦ အရေပြားလေးတင်းရင်းလှပစေဖို့ကော်လဂျင်ကတော့မရှိမဖြစ်ပါပဲ။ ကော်လဂျင်ဖွဲ့စည်းမှုမှာ အဓိကကျတာကတော့ဗီတာမင်စီဓာတ်ပဲပေါ့။ 

 

♦ အဖုအထစ်တွေနဲ့ကြမ်းတမ်းဗြုတ်ထနေတဲ့အသားအရေအတွက်အကောင်းဆုံးကတော့ ဗီတာမင်စီကို ပြည့်ပြည့်ဝဝစားဖို့ဖြစ်ပါတယ်နော်။

Vicee 1

♦ အပူဒဏ်ခံနိုင်ရည်ရှိဖို့အလွယ်တကူမဖျားနာဖို့က စနစ်ကျကျ ခိုင်မာတဲ့ကိုယ်ခံအားတခုတည်ဆောက်ဖို့လိုနေပါပဲလေ။ ကိုယ်ခံအားမှာလည်းဗီတာမင်စီကရှေ့ဆုံးတပ်သားပါတဲ့။

 

♦ ထိခိုက်ရှနာဒဏ်ရာအနာတရတွေ နေပူပူဖုံထူထူမှာအနာမြန်မြန်ကျက်ဖို့ဆိုရင် ဗီတာမင်စီကအရေးပါနေပြန်ပါရောတဲ့။

နေ့စဉ်အစားအစာမှာ အသီးအနှံတွေ သစ်သီးဝလံတွေ အချိုးအစားကျကျစုံစုံလင်လင်ပါဝင်တဲ့အခါအာဟာရပြည့်ဝပြီး ကိုယ်ခံအားပါ တက်လာစေပါတယ်။ အသီးဖျော်ရည်တွေဟာ ဗီတာမင်စီနဲ့ အာဟာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေမြင့်မားစွာပါဝင်တာမို့ အချိုးအစားများများ ပါဝင်သင့်ပါတယ်။

ကဲ... ကိုယ်တို့ You တို့အရေပြားလေး ဒီနွေမှာ ကျန်းမာစိုပြေပြီး လှပလန်းဆန်းနေဖို့ ဗီတာမင်စီပြည့်ဝတဲ့အစားအစာတွေစားသုံးသလို ဖြည့်စွက်ဆေးဝါးအနေနဲ့လည်း လိုသလိုသောက်သုံးကြရအောင်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Vicee 2

(Unicode)










 
