နွေရာသီမှာ ဘာတွေစားကြမလဲ
ပူပြင်းလှတဲ့နွေရာသီမှာ အဲကွန်းတွေ၊ ပန်ကာတွေ မနားတန်း ဖွင့်ပြီးတော့ ခန္ဓာကိုယ် အေးအောင်နေသလိုပဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။
ပုံမှန်အားဖြင့် ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်က တခြားရာသီတွေထက် နွေရာသီမှာ ကယ်လိုရီလိုအပ်ချက် နည်းပါတယ်။ ကယ်လိုရီထက် ရေဓာတ်ကို ပိုလို်အပ်ပါတယ်။ လိိုအပ်တဲ့အာဟာရဓာတ်တွေ ညီမျှမှသာ ကျန်းမာမှာပါ။ နွေရာသီမှာ အစာချေနိုင်စွမ်းက နှေးကွေးပြီးတော့ အပူချိန်မြင့်လာတော့ ချေွးတွေထွက်ပြီးတော့ ရေဓာတ် ဆုံးရှုံးပါတယ်။ နေပြင်းလာတာနဲ့အမျှ အားအင်တွေ ကုန်လာပြီးတော့ ညနေလောက် ရောက်ပြီဆိုရင်လူက နုံးချိနေတတ်ပါတယ်။ ဒီတော့ နွေရာသီမှာ ဘယ်လိုစားသောက်ကြမလဲ?
1. မနက်စာကို ပိုစားပေးပါ။ ပေါင်မုန့်မီးကင် ထောပတ်သုတ်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်နဲ့ အရည်ဓာတ်များတဲ့ သစ်သီးတွေ ရွေးစားပေးပါ။
2. နေမြင့်လာလေလေ ပေါ့ပေ့ါပါးပါး အစားအစာတွေပဲ စားပါ။
3. တစ်နေ့လုံး ရေ ပိုပိုပြီး သောက်ပေးပါ။
4. ပြည့်အင့်တဲ့ အစားအစာတွေထက်စာရင် သစ်သီး၊ အသုတ်၊ ဖျော်ရည်တွေ ပိုစားပါ။
5. ပုံမှန် ၃ နပ်နဲ့ တစ်ခါစားရင် အများကြီးစားတာထက်စာရင် ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်တဲ့ အစားအစာတွေကို စားပေးပါ။
6. ကိုယ် စားချင်တာထက် လျှော့စားပါ။
7. လတ်ဆတ်တာတွေကိုပဲ စားပါ။
8. ကယ်လိုရီများတာတွေ မစားပါနဲ့။
9. အားအင်ပြည့်ဝစေဖို့ အခွံမာသီးတွေ စားပေးပါ။
10. နေ့လယ်ဘက်မှာ တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့။
11. အပြင်ထွက်ရမယ် ဆိုရင်လည်း နေကာခရင်မ်လိမ်း၊ နေကာမျက်မှန်တပ်၊ ဦးထုပ်၊ ထီးဆောင်း၊ ရေဘူးဆောင်ပြီးတော့ ထွက်ပါ။
12. ကမ်းခြေ၊ ပန်းခြံ၊ မြစ်ကမ်းနား စတဲ့ သဘာဝနဲ့ တတ်နိုင်သမျှ နီးကပ်စွာနေပါ။ သဘာဝတရားက ပူပြင်းတဲ့ရာသီမှာ စိတ်ပြေလျော့မှုကို ပေးစွမ်းနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























