နွေရာသီမှာ အသားအရေ ထိန်းသိမ်းပါ
ပူပြင်းတဲ့နွေဥတုမှာ အသားအရေထိန်းသိမ်းပေးဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် နွေရာသီမှာ လိုအပ်တဲ့အသားအရေထိန်းသိမ်းမှုပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။
● ရေဓာတ်ပြည့်ဝအောင်နေပါ။ ရေများများသောက်ပါ။
● လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။
● ဆေးလိပ်ဖြတ်ပါ။
● နေရောင်နဲ့မထိတွေ့အောင် ကာကွယ်ပါ။ နေပူထဲ သွားလာရပါက ထီး၊ ဦးထုပ်၊ မျက်မှန် အကာအကွယ်များ ဝတ်ဆင်ပါ။
● တစ်နေ့ ၂ ကြိမ် ပုံမှန်မျက်နှာသစ်ပါ။
● မိတ်ကပ်ဖျက်ဖို့ မမေ့ပါနဲ့။
● မျက်နှာသစ်၊ ချေးချွတ်သန့်စင်၊ တိုနာလိမ်း၊ အစိုဓာတ်ထိန်းဆေးလိမ်း စတဲ့ အစဉ်အတိုင်း အသားအရေ ထိန်းသိမ်းပါ။
● နေရောင်ကာလိမ်းဆေး SPF30 နဲ့အထက် လိမ်းပါ။
● အသားအရေအတွက် ကောင်းမွန်တဲ့ဗီတာမင်တွေ လိမ်းပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























