/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နွေရာသီ-အပူဒဏ်ကို-ဗီတာမင်-c-နဲ့-တွန်းလှန်ကြပါစို့

နွေရာသီ အပူဒဏ်ကို ဗီတာမင် C နဲ့ တွန်းလှန်ကြပါစို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နွေအပူဒဏ်ကလည်း အရမ်းမြင့်လာတော့ လူတွေက အိမ်ထဲမှာပဲ အဲကွန်းလေးဖွင့်ပြီးတော့ နေချင်ကြပါတယ်။ ဒါပေမဲ့လည်း မဖြစ်မနေ အပြင်ထွက်ရပြီဆိုရင် နွေနေရဲ့အပူက အတော်ဆိုးတာပါ။

          ပူပြင်းလှတဲ့နွေရာသီမှာ အပူကြောင့် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (heat exhaustion) အဖြစ်များပါတယ်။ ရာသီဥတုကြောင့် မိတ်နဲ့ယားနာတွေလည်း အထွက်များပါတယ်။

          ဒီတော့ ဒီလိုပူပြင်းလှတဲ့နွေရာသီမှာ ကမ်းခြေတွေသွားမယ် (သို့) အပြင်မှာ လုပ်ရတဲ့အလုပ်တွေ လုပ်မယ်ဆိုရင် ဗီတာမင် C က ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာကို ပြောပြချင်ပါတယ်။

          ဗီတာမင် C ကို ပုံမှန်သောက်သုံးပေးခြင်းက ခန္ဓကိုယ်ကနေပြီးတော့ အရမ်းပူလာတဲ့ ပတ်ဝန်းကျင်ကို လိုက်လျောညီထွေဖြစ်အောင် ညှိဖို့အတွက် အချိန်ကို တိုစေပါတယ်။ ဒီအခါမှာ ချေွးဂလင်းတွေ ပင်ပန်းလက်ကုန်ကျသွားတဲ့ အချိန်အတိုင်းအတာကို လျှော့ချပေးခြင်းအားဖြင့် မိတ်နဲ့ယားနာဖြစ်တာကို လျော့ကျစေပါတယ်။ သုတေသနတွေအရ ဗီတာမင် C သောက်ပေးခြင်းက အပူဒဏ်ကို ခန္ဓာကိုယ်က အလိုအလျောက် တုန့်ပြန်မှုမှာ အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။

          ဒီရာသီမှာ နောက်ထပ်တွေ့ရများတဲ့ပြဿနာကတော့ နေလောင်တာပါ။ ဗီတာမင် C ရဲ့ အင်တီအောက်ဆီးဒင့်အစွမ်းက နေနဲ့ အလွန်အကွံျထ်ိတွေ့မှုကြောင့် ပျက်စီးသွားတဲ့အရာတွေကို ဟန့်တားပေးပါတယ်။ ဗီတာမင် C က အသားအရေတွေကို တင်းရင်းအောင်လုပ်ပေးတဲ့ အရေးကြီးတဲ့ collagen ပြုလုပ်ရာမှာလည်း မရှိမဖြစ် အရေးကြီးပါတယ်။

          ခရီးတွေထွက်မယ်ဆိုရင် ဗီတာမင် C ကို ယူသွားပါ။ ပူနွေးစိုစွတ်တဲ့နွေရာသီရဲ့ ပတ်ဝန်းကျင်လေထုမှာ ဗိုင်းရပ်စ်တွေလည်း ရှိနေနိုင်ပါတယ်။ ရာသီဥတု အပြောင်းအလဲကိုလိုက်ပြီး ထိန်းညှိနေရတာနဲ့ ကိုယ့်ရဲ့ကိုယ်ခံအားတွေ ကုန်ဆုံးသွားတဲ့အတွက် ဒီအချိန်မှာ ဗီတာမင် C များများဖြည့်ထားပေးဖို့ လိုကို လိုပါတယ်။

          အပေါ်ကအချက်တွေအပြင် နောက်ထပ်ကောင်းကျိုးအနေနဲ့ ဗီတာမင် C က ဓာတ်မတည့်တာတွေကိုလည်း လျော့ကျစေပါတယ်။ အပြင်က သစ်ရွက်တွေက အမှုန်အမွှားတွေ၊ ခြင်ကိုက်ရင်ဖြစ်တဲ့ ယားယံတာတွေကို လျော့ကျစေနိုင်ပါတယ်။

          ဗီတာမင် C က အားအင်တွေ ထုတ်လုပ်ပေးရာမှာလည်း အရေးပါ,ပါသေးတယ်။

          နွေရာသီရဲ့ နေဒဏ်ကို ခံစားပြီးနောက်မှာ အသားအရေကို ပုံမှန်အရောင်ပြန်ရစေဖို့ အတွက်လည်း ဗီတာမင် C က ကူညီပေးနိုင်ပါတယ်။ ဗီတာမင် C က အသားအရေ အိုမင်းရင့်ရော်စေတဲ့၊ အသားမည်းစေတဲ့ free radicals တွေကို တိုက်ဖျက်ပေးပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ထဲမှာ glutathione နဲ့ ဗီတာမင် E ပမာဏကို တက်စေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)


Dr. Mya Myo Myo Swe (www.drmyanmar.com)