နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်
တစ်ရက်တစ်လေ အိပ်မပျော်ခြင်းက ကိစ္စမရှိပေမယ့် ကာလရှည်ကြာ အိပ်ချိန်မမှန်တာ၊ အိမ်မပျော်တာတွေဟာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် နှစ်ခြိုက်စွာအိပ်စက်ခြင်းဟာ အခြေခံအကျဆုံး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီလိုအရေးပါတဲ့ အိပ်စက်ခြင်းကို မထိခိုက်စေဖို့အတွက် အာဟာရဆိုင်ရာအထူးကုဆရာ၀န်ကြီး ဒေါက်တာ ဒေါ်၀င်း၀င်းမြင့်က
1. ကလေးနှင့် ဆယ်ကျော်သက်များ
2. လူလတ်ပိုင်းများ
3. လူကြီးပိုင်းများအတွက် ဆိုပြီး (3) ပိုင်းခွဲ၍ ဒီတစ်ပတ် Dr Myanmar ကျန်းမာရေး၀က်ဘ်ဆိုက်ရဲ့ “နေ့စဉ်ဘ၀နှင့် ကျန်းမာရေး” အစီအစဉ်ကတဆင့် ရှင်းလင်းပြောကြားပေးသွားပါတယ်။
ဒီ Program ကို "Vitacap" အားဆေး မှ အားဖြည့်ကူညီပေးထားပြီး အပတ်စဉ် တနင်္လာနေ့တိုင်း Dr Myanmar Website နဲ့ Facebook တို့မှတဆင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။






























