/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးကျန်းမာရေးနှင့်-ကြက်ဥ

နှလုံးကျန်းမာရေးနှင့် ကြက်ဥ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကြက်ဥများနဲ့ မနက်စာဟာ ခွဲခြားမရပါဘူး။ မနက်စာစားရာတွင် ကြက်ဥ ထည့်စားခြင်းဖြင့် တစ်နေ့တာလုံး လိုအပ်သော စွမ်းအင်ကို ရရှိစေပါတယ်။ ဒါပေမဲ့ နှလုံးရောဂါရှိသူများအတွက်မူ ကြက်ဥတွင်ပါသော အဆီနဲ့ ကိုလက်စထရောကြောင့် မစားသင့်ကြောင့်လည်း ယူဆကြပါတယ်။

 

>>    တစ်ပတ်ကို ကြက်ဥ ဘယ်နှစ်လုံး စားသင့်လဲ?

          တစ်ပတ်စာအတွက် စားသင့်သော ကြက်ဥအရေအတွက်ရယ်လို့တော့ အတိအကျ ညွှန်းဆိုထားကြခြင်း မရှိပါဘူး။

          ကြက်ဥအကာကတော့ ပရိုတင်းဓာတ် ပြည့်ဝပြီး ကိုလက်စထရော မပါဝင်တာမို့ စားသုံးသင့်သော်လည်း ကြက်ဥအနှစ်တွင် ကိုလက်စထရော ပါဝင်မှုများတာမို့ နှလုံးရောဂါနဲ့ ကိုလက်စထရော များသူတွေအနေနဲ့ အနှစ်ကို ရှောင်သင့်ပါတယ်။

          ကြက်ဥကို ဘယ်လို ပြင်ဆင်ချက်ပြုတ်ပြီး စားသလဲဆိုတာလည်း အရေးကြီးပါတယ်။

          ကြက်ဥကို ဆီနဲ့ကြော်လိုက်တဲ့အခါ ကို်လက်စထရောပါဝင်မှု ပိုမိုမြင့်မားစေတဲ့အတွက် ကြော်မယ့်အစား ပြုတ်စားခြင်းက ပိုမိုသင့်တော်ပါတယ်။ ကြော်မယ်ဆိုပါက ဆီအနည်းငယ်ဖြင့်သာ ကြော်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)