နှလုံးကြွက်သားရောင်ခြင်း
>> နှလုံးကြွက်သားရောင်တာ ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်သလဲ?
● နှလုံးအဆို့ရှင် လဲထားသူ
● နှလုံးအဆို့ရှင် ကျဉ်း/ကျယ်/ကျွံ ရောဂါရှိသူတွေ
● မွေးရာပါ နှလုံးရောဂါရှိသူတွေ
● နှလုံးကြွက်သား ကြီးထွားလွန်ရောဂါ
● သွေးကြောထဲ မူးယစ်ဆေးထိုးသွင်းသူတွေမှာ ဖြစ်တတ်ပါတယ်။
>> နှလုံးကြွက်သားရောင်တဲ့အခါ -
● အဖျားတက်မယ်
● ည ချွေးထွက်မယ်
● အရေပြားအကွက်ထမယ်
● ပူမယ်၊ နာမယ်၊ ရောင်မယ်
● အနာမကျက်လွယ်တော့ဘူး စတာတွေအပြင်
လူနာက -
● လည်ချောင်းနာမယ်
● ခေါင်းကိုက်မယ်
● ချောင်းဆိုးမယ်
● ပျို့မယ်၊ အန်မယ်
● ဝမ်းလျှောမယ် စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။
>> ကုသမှုပေးတဲ့အခါ -
● ပဋိဇီဝဆေး (ပိုးသတ်ဆေး) ခြောက်ပတ်စာသွင်းမယ်
● ရောင်နေတဲ့ နှလုံးကြွက်သားကို လိုအပ်ရင် ခွဲစိတ်ထုတ်ပယ်မယ်
● ကာကွယ်ဖို့ ဆေးဆက်သောက်မယ်
ကုသရတာ အချိန်ယူရပြီး ဆေးကို ရက်ပတ်လည်အောင် သောက်သုံးကုသမှသာလျှင် နှလုံးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























