/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးတိုက်ခိုက်မှုမခံရမီ-တစ်လအလိုကပင်-ခန္ဓာကိုယ်မှ-ဖော်ပြနေသော

နှလုံးတိုက်ခိုက်မှုမခံရမီ တစ်လအလိုကပင် ခန္ဓာကိုယ်မှ ဖော်ပြနေသော သတိပေးလက္ခဏာ 8 ခု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      မောပန်းနွမ်းနယ်ခြင်း (70% သော အမျိုးသမီးများတွင် ဖြစ်ပွားခြင်း)

          သာမန်မဟုတ်တဲ့ မောပန်းနွမ်းနယ်နေမှုဟာ နှလုံးတိုက်ခိုက်မှု ခံရနိုင်တယ်ဆိုတာ သတိပေးနေတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

            သတိပေးလက္ခဏာ - ပင်ပန်းနွမ်းနယ်ခြင်းဟာ စိတ်ပင်ပန်း၊ လူပင်ပန်းလို့မဟုတ်ဘဲ ညနေပိုင်းတွေမှာ ပိုမိုခံစားရလေ့ရှိခြင်း၊ တစ်ခါတစ်ရံ သာမန်အသေးအဖွဲ လှုပ်ရှားမှုများ ပြုလုပ်ခြင်း (ဥပမာ - အိပ်ရာသိမ်းခြင်း၊ ရေချိုးခြင်း) ဖြင့်ပင် မောပန်းခြင်း၊ ခံစားမှုမှာ သတိထားမိလောက်အောင် ထင်ရှားခြင်းတို့ပဲ ဖြစ်ပါတယ်။

 

2.      ဗိုက်အောင့်ခြင်း (50% သော လူနာများတွင် ဖြစ်ပွားခြင်း)

          ပြည့်အင့်ခြင်း၊ ပျို့အန်ခြင်း၊ လေထခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေဖြစ်ပြီး အမျိုးသမီးများတွင်သာမက အမျိုးသားများတွင်ပါ ခံစားရနိုင်ပါတယ်။

            သတိပေးလက္ခဏာ - နှလုံးတိုက်ခိုက်ခံရမှု မတိုင်မီ ခံစားရတဲ့ ဗိုက်အောင့်ေ၀ဒနာဟာ နာလိုက်၊ သက်သာလိုက်ဖြစ်ပြီး စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားတတ်ပါတယ်။

 

3.      အိပ်မပျော်ခြင်း (50% သော အမျိုးသမီးများတွင် ဖြစ်ပွားခြင်း)

          အိပ်မပျော်ခြင်းဟာ အမျိုးသမီးများတွင် နှလုံးတိုက်ခိုက်ခံရခြင်း (သို့) လေဖြတ်ခြင်းတို့နဲ့ ဆက်စပ်နေလေ့ ရှိပါတယ်။ အိပ်မပျော်ခြင်း၊ စိတ်ပူပန်မှုများခြင်းနဲ့ သတိမေ့လျော့ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

            သတိပေးလက္ခဏာ - ရောဂါလက္ခဏာတွေကတော့ အိပ်စက်ရန် ခက်ခဲခြင်း၊ အိပ်နေစဉ် လန့်နိုးခြင်းနဲ့ မနက်ပိုင်းတွင် စောစီးစွာ နိုးနေခြင်းတို့ပဲ ဖြစ်ပါတယ်။

 

4.      အသက်ရှူရ ခက်ခဲခြင်း (40% သော လူနာများတွင် ဖြစ်ပွားခြင်း)

          အသက်ရှူမ၀ခြင်းဆိုတာ အသက်ပြင်းပြင်းရှူလို့မရတဲ့ ခံစားချက်မျိုးပဲ ဖြစ်ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးများ၌ပါ နှလုံးတိုက်ခိုက်မှုမခံရမီ 6 လအလိုလောက်ကတည်းကပင် စတင်ခံစားရလေ့ရှိပြီး ရောဂါအခြေအနေတစ်ခုခုရဲ့ သတိပေးလက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

            သတိပေးလက္ခဏာ - အသက်ရှူမ၀ခြင်း၊ ခေါင်းမူးခြင်းနဲ့ အသက်ရှူရ ခက်ခဲခြင်းတို့ကို ခံစားရနိုင်ပါတယ်။

 

5.      ဆံပင်ကျွတ်ခြင်း (အသက် 50 အထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားခြင်း)

          ဆံပင်ကျွတ်ခြင်းဟာ နှလုံးရောဂါ ခံစားရနိုင်တယ်လို့ ဖော်ပြနေတဲ့ အချက်တွေထဲက ထင်ရှားတဲ့အချက်တစ်ခုပဲ ဖြစ်ပါတယ်။ အသက် 50 အထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားလေ့ရှိသော်လည်း အမျိုးသမီးများတွင်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ထိပ်ပြောင်ခြင်းဟာ ကော်တီစောဟော်မုန်း မြင့်တက်ခြင်းနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

            သတိပေးလက္ခဏာ - တစ်နေ့လျှင် ဆံပင် ဘယ်လောက်ကျွတ်လဲဆိုတာ ဂရုတစိုက် စောင့်ကြည့်ဖို့ လိုပါတယ်။

 

6.      နှလုံးခုန် မမှန်ခြင်း (အခြားပြင်ပလွှမ်းမိုးမှုများမရှိဘဲ တွေ့ရှိရခြင်း)

          နှလုံးခုန်နှုန်း မမှန်ခြင်းကြောင့် သတိလစ်ခြင်း၊ စိတ်ပူပန်မှုများခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး ရုတ်တရက် ခံစားရတတ်ပါတယ်။ နှလုံးခုန်မမှန်ခြင်းနဲ့ နှလုံးခုန်မြန်ခြင်းဆိုပြီး 2 မျိုးရှိရာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ နှလုံးခုန်နှုန်းမြန်ခြင်း အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

            သတိပေးလက္ခဏာ - နှလုံးခုန်မမှန်တဲ့အချိန်ဟာ တစ်မိနစ်၊ နှစ်မိနစ်လောက်သာ ကြာမြင့်တတ်ပါတယ်။ မိနစ်အနည်းငယ်ကြာသည်အထိ မပျောက်သွားတဲ့အပြင် ခေါင်းမူးခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ကို ထပ်မံခံစားရပါက ဆရာ၀န်နဲ့ ချက်ချင်းသွားရောက် ပြသသင့်ပါတယ်။

 

7.      ချေွး အလွန်ထွက်ခြင်း

          သာမန်ထက် ပိုပြီးချေွးထွက်များခြင်းဟာ နှလုံးတိုက်ခိုက်ခံရမှုမတိုင်မီ ခံစားရတဲ့ ကနဦးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ နေ့ညအချိန်မရွေးဖြစ်နိုင်ပြီး အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိကာ သွေးဆုံးခြင်းကြောင့်ဖြစ်တဲ့ လက္ခဏာအချို့နဲ့ မှားယွင်းတတ်ပါတယ်။

            သတိပေးလက္ခဏာ - အအေးမိတုပ်ကွေးကဲ့သို့ လက္ခဏာများ၊ အရေပြား အေးစက်ခြင်း၊ အခန်းအပူချိန်၊ ကိုယ်လက်လှုပ်ရှားမှုများကြောင့် မဟုတ်ဘဲ ချေွးထွက်များခြင်း၊ ညအချိန်တွင် ပိုဆိုး၍ အိပ်ရာနိုးတဲ့အခါမှာ အိပ်ရာခင်းဟာ စိုစွတ်နေခြင်း စတာတွေကို တွေ့ရနိုင်ပါတယ်။

 

8.      ရင်ဘတ်အောင့်ခြင်း

        အမျိုးသားများ - ရင်ဘတ်ကို မီးစနဲ့ ထိုးသကဲ့သို့ နာကျင်ခြင်း

        အမျိုးသမီးများ - ရင်ဘတ်ကို ဆွဲဆုတ်ထားသကဲ့သို့ နာကျင်ခြင်း

          အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ရင်ဘတ်အောင့်ခြင်းေ၀ဒနာကို ပုံစံအမျိုးမျိုးနဲ့ ခံစားရလေ့ရှိပါတယ်။ အမျိုးသားတွေမှာ နှလုံးတိုက်ခိုက်ခံရမှုမတိုင်မီ ခံစားရတဲ့ အရေးကြီးဆုံး​ကနဦးလက္ခဏာတစ်ရပ် ဖြစ်တာကြောင့် လျစ်လျူမရှုသင့်ပါဘူ။ အမျိုးသမီးတွေမှာတော့ အမျိုးသမီးလူနာ 30% ခန့်သာ ရင်ဘတ်အောင့်ခြင်းကို ခံစားရတတ်ပါတယ်။

            သတိပေးလက္ခဏာ - ရင်ဘတ်အောင့်ခြင်းေ၀ဒနာဟာ လက်မောင်းတစ်ဖက် (သို့) နှစ်ဖက်လုံး (အထူးသဖြင့် ဘယ်ဘက်)၊ အောက်မေးရိုး၊ လည်ပင်း၊ ပခုံးနဲ့ အစာအိမ်တွေကို ပျံ့နှံ့တတ်ပါတယ်။ တစ်ခါတစ်ရံ ခဏတာသာ ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာတော့ နာတာရှည် ဖြစ်သွားတတ်ပါတယ်။

 

>> ဖြစ်ပွားမှုနှုန်း မြင့်တက်စေတဲ့ အကြောင်းအရင်းများ

          အ၀လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတွေကြောင့် နှလုံးတိုက်ခိုက်ခံရမှုနှုန်း ပိုမိုမြင့်တက်နိုင်ကြောင်း သိရှိကြပေမယ့် အချို့သောအချက်တွေကိုတော့ သတိမပြုမိတတ်ပါဘူး။

•        နားသန်သီး၌ ကန့်လန့်အရာတစ်ခု ဖြစ်ပေါ်လာခြင်း

•        မျက်ရစ်အတွင်းဘက်ထောင့်၌ အဝါရောင်အဖတ်များ ဖြစ်လာခြင်း

•        လမ်းလျှောက်ခြင်းကြောင့် ခြေသလုံးကြွက်သားများ နာကျင်ခြင်း

•        အမျိုးသားများတွင် နားလမ်းကြောင်း၌ အမွေးနုများ ပေါက်လာခြင်း

•        အမျိုးသမီးများတွင် အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း

 

Dr. Thinzar Wynn (www.drmyanmar.com)