နှာရည်တွေရဲ့အရောင်ကိုကြည့်ပြီး ပြောနိုင်တဲ့အချက်များ
ရာသီအကူးပြောင်းကာလတွေမှာ နှာစေးချောင်းဆိုးတွေအဖြစ်များကြပါတယ်။ နောက်တစ်ခါနှာစေးတဲ့ အခါမှာ နှာရည်တွေရဲ့အရောင်ကိုကြည့်ဖို့မမေ့ပါနဲ့။ နှာရည်ရဲ့အနေအထားတစ်ခုတည်းနဲ့ ရောဂါကို နာမည် တပ်လို့မရပေမယ့် ၎င်းမှတဆင့်သဲလွန်စတွေအများကြီးတော့ ရနိုင်ပါတယ်။
1. အကြည်ရောင်
အကြည်ရောင်နှာရည်တွေမှာ ရေ၊ ပရိုတင်း၊ ခုခံအားဓာတ်တွေနဲ့ ရောဂါပိုးကို သေစေနိုင်တဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ကျန်းမာတဲ့အရည်လို့ပြောလို့ရပါတယ်။
2. အဖြူရောင်
ပိတ်ဆို့နေတဲ့နှာခေါင်းလမ်းကြောင်းအဝမှာရှိနေတဲ့ နှာရည်တွေဟာ ရေဓာတ်ခန်းခြောက်လာတာကြောင့် တဖြည်းဖြည်းပျစ်ပြီး အရောင်နောက်လာပါတယ်။ ဒါဟာ ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာဖြစ် တာကြောင့် နှာခေါင်းထဲကို ဆေးရည်တွေဖြန်းပေးခြင်းဖြင့် အရည်တွေကျဲအောင်ပြန်လည်ပြုလုပ်နိုင်ပါတယ်။
3. အဝါရောင်
ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သွေးဖြူဥတွေဟာ ထိုနေရာသို့ရောက်ရှိလာကာ ပိုးမွှားတွေကို သုတ်သင်ရှင်းလိုက်ပါတယ်။ ၎င်းတို့သေဆုံးသွားတဲ့အချိန်မှာ နှာရည်တွေဟာ အဝါ (သို့) အညိုဖျော့ဖျော့သို့ပြောင်းလဲသွားတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် နောက် 7-10 ရက်ထိ တစ်ကိုယ်လုံးနုံးချိနေတတ်ပါတယ်။
4. ပန်းရောင် (သို့) အနီရောင်
ပြင်းပြင်းထန်ထန်နှာချေလိုက်တဲ့အခါ (သို့) ရာသီဥတုခြောက်သွေ့တဲ့အခါမှာ နှာခေါင်းမျက်နှာပြင်နဲ့ ကပ်နေတဲ့ သွေးကြောတွေဟာ ပေါက်ထွက်ပြီးသွေးထွက်နိုင်ပါတယ်။ ညအချိန်မှာ ရေနွေးငွေ့စက်အသုံးပြု၍ အပြင်ထွက်တဲ့အချိန်မှာဆိုရင် ရေဓာတ်ဆုံးရှုံးမှုကာကွယ်ရန် နှာခေါင်းနားတစ်ဝိုက်ကို ပုဝါဖြင့်စည်းထားပါ။
5. အညိုရောင်
ခြောက်သွေ့နေတဲ့ သွေး (သို့) ဖုန်မှုန့်၊ သဲမှုန့်တွေကို ရှူမိတာမျိ်ုးဖြစ်နိုင်ပါတယ်။
Dr. Thinzar Wynn






























