ပင်ပန်းတဲ့အခါ ဘာကြောင့် မျက်လုံးနီမြန်းလာရသလဲ
ပင်ပန်းတဲ့အချိန်မှာ ဦးနှောက်ကမျက်တောင်ခပ်ရန်သတိပေးဖို့မေ့နေတဲ့အတွက် မျက်တောင်ခပ်တဲ့အကြိမ်အရေအတွက် နည်းသွားပါတယ်။ ယင်းကဲ့သို့ မျက်တောင်ခပ်တာနည်းသွားခြင်းက မျက်လုံးနီစေရတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ မျက်တောင်ခတ်ပေးမှသာ မျက်ရည်ပြွန်ရှိအရည်ဟာ မျက်ဆံပေါ်သို့ရောက်ရှိစေမှာဖြစ်ပြီး မျက်သားကိုအစိုဓာတ်ရရှိစေမှာဖြစ်ပါတယ်။ မျက်တောင်ခတ်တဲ့ အကြိမ်နည်းသွားမယ်ဆိုရင်တော့ မျက်သားခြောက်သွားကာ မျက်လုံးမှာရှိတဲ့သွေးကြောငယ်လေးတွေ နီမြန်းခြင်း၊ ကျယ်လာခြင်းကြောင့် မျက်လုံးနီလာရခြင်းဖြစ်ပါတယ်။ မျက်လုံးနီလာရုံသာမက ယားယံလာပြီး လက်ဖြင့်ပွတ်သပ်သည့်အတွက် မျက်လုံးကိုပိုပြီးနီမြန်းစေနိုင်ပါတယ်။ လွန်စွာပင်ပန်းလာပြီး မျက်လုံးနီမြန်းလာချိန်မှာ အလုပ်သင့်ဆုံးက အိပ်လိုက်ပါဒါမှမဟုတ် မျက်လုံးကိုခဏအနားပေးလိုက်ပါ။
CMS (www.drmyanmar.com)






























