ပင်လယ်စာနဲ့ငါး ချက်စားတဲ့အခါ ...
ချက်ပြုတ်မယ့် ငါးအမျိုးအစားနဲ့ အရည်အသွေးပေါ် မူတည်ပြီး ချက်ပြုတ်နည်းတွေ မတူကြပါဘူး။
ငါးအမျိုးအစား အမျိုးမျိုးအတွက် သတ်မှတ်ထားတဲ့ ချက်ပြုတ်နည်းတွေကို သုံးသင့်တယ်။ ငါးတွေကို အကျက်ချက်တာ ပိုကောင်းပါတယ်။ တချို့ငါးတွေကတော့ မကျက်တစ်ကျက်လောက် စားခွင့်ရှိတယ်။ ဆူရှီ မှာစားသလို ငါးအစိမ်းကတော့ သတိထားသင့်ပါတယ်။ ဆူရှီအတွက် အဆင့်မီပိုးသတ်ထားတဲ့ ငါးတွေကိုပဲ စားသင့်ပါတယ်။
>> ငါးစားတဲ့အခါ
၁။ ငါးအများစုဟာ အနည်းဆုံး ၁၄၅°F (၆၂.၈°C) မှာ ချက်ဖို့ လိုတယ်။
၂။ ငါးအစိမ်းတွေကို -၄°F (-၂၀°C) မှာ တစ်ပတ်လောက်ထားပြီးမှ ဆူရှီ၊ ငါးအသားလွှာနဲ့ တခြားငါးအစိမ်းဟင်းလျာတွေကို ဖန်တီးဖို့သင့်တယ်နော်။
၃။ ဆယ်လ်မွန်တု့ိ၊ တူနာငါးတို့ဟာ ရေခဲထားပြီး သေချာပြင်ဆင်ပြီးမှ ဆူရှိအဆင့်မီဖြစ်တယ်။
၄။ ဆူရှီအဆင့်ငါးတွေ၊ ချက်ပြုတ်ပြီးသားငါးတွေကို လှီးချွတ်တဲ့ စဉ်းတီတုံးနဲ့ ဆူရှီအဆင့်မမီငါးနဲ့ မချက်ပြုတ်ထားရသေးတဲ့ငါးတွေကို လှီးချွတ်ထားတဲ့ စဉ်းတီတုံးတွေကို ရောနှောထားတာက ပိုးမွှားတွေ အလွယ်တကူ ပျံ့နှံ့စေတယ်။
၅။ မကြာခင်ချက်မယ့်ငါးတွေကို ၄၀°F (၄.၄°C) နဲ့အောက်မှာ ခဲထားသင့်တယ်။
၆။ လက်ကို အမြဲဆေးဖို့တော့ မမေ့နဲ့နော်။
>> ချက်ပြုတ်တဲ့အခါ -
ကျက်သွားတဲ့ ငါးအသားဟာ လုံးဝထုတ်ချင်းဖောက် မမြင်ရပါဘူး။ ပြီးတော့ ခက်ရင်းလေးနဲ့ ထိုးလိုက်ရုံနဲ့ အသားတွေ ကြွေသွားရမယ်။
ဂုံး၊ ယောက်သွား၊ ကမာကောင်တွေကို ချက်ပြုတ်ရင် အလွယ်တကူ အခွံကွာမှ စားပါ။ မကွာရင် လွှင့်သာပစ်လိုက်ပါတော့။
● ခုံးကောင် : အသားဟာ မာမာလေးဖြစ်ပြီး လုံးဝထွင်းဖောက်မမြင်ရပါဘူး။
● ပုဇွန်၊ ပုဇွန်တုပ် : အသားတွေဟာ အရောင်တောက်ပြီး ထွင်းဖောက်မမြင်ရလောက်အောင် ရှိနေသင့်ပါတယ်။
ချက်ပြုတ်ပြီးသား ပင်လယ်စာတွေကိုလည်း ၂ နာရီထက်ပိုပြီး အပြင်မှာ မထားသင့်ဘူးနော်။ နောက်မှစားဖို့ အစီအစဉ်ရှိတယ်ဆို ရေခဲသေတ္တာထဲပဲဖြစ်ဖြစ်၊ ရေခဲပုံးထဲပဲဖြစ်ဖြစ် ထည့်ထားသင့်ပါတယ်။
Dr. Emerald (www.drmyanmar.com)





























