/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်းနာရင်ကြပ်ရောဂါနဲ့ပတ်သက်ပြီး-မှားယွင်းစွာသိထားကြတဲ့-အချက်များ

ပန်းနာရင်ကြပ်ရောဂါနဲ့ပတ်သက်ပြီး မှားယွင်းစွာသိထားကြတဲ့ အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တစ်ခါတလေမှာ ရောဂါတစ်ခုခုနဲ့ပတ်သက်ပြီး ကိုယ်သိထားတဲ့အချက်တွေက မှားယွင်းနေတာမျိုး ဖြစ်နေတတ်ပါတယ်။ အခုဆောင်းပါးမှာတော့ ပန်းနာရင်ကြပ်ရောဂါနဲ့ပတ်သက်တဲ့ အချက်တချို့ကို ပြောပြပေးသွားမှာပါ။

 

၁။ ပန်းနာရင်ကြပ်ရောဂါဟာ ဖြစ်ပြီးရင် အရှင်းပျောက်သွားပါတယ်

ဖြစ်ပြီးရင် ပျောက်သွားတာဟာ ပန်းနာရင်ကြပ်ရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ရင်ကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်း၊ အသက်ရှူရင် တရွှီရွှီမြည်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ရောဂါကတော့ အရှင်းမပျောက်ဘဲ နာတာရှည်အနေနဲ့ ကျန်နေခဲ့လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတွေ မပြဘူးဆိုရင်တောင် ညွှန်ကြားထားတဲ့ဆေးတွေကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

Solmux Adult IA 1 2023

၂။ ပန်းနာရင်ကြပ်ရောဂါရှိရင် သာမန်လူတွေလို နေလို့မရပါ

ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သေချာလိုက်နာမယ်၊ ဆေးတွေကို သေချာသောက်မယ်၊ ရောဂါလက္ခဏာ ပိုဆိုးစေတဲ့အရာတွေကို ရှောင်မယ်ဆိုရင် ပန်းနာရင်ကြပ်ရောဂါရှိသူတွေအနေနဲ့ သာမန်လူတွေလို လှုပ်ရှားသွားလာနိုင်ပါတယ်။

 

၃။ ပန်းနာရင်ကြပ်ရောဂါရှိရင် လေ့ကျင့်ခန်းတွေ၊ အားကစားတွေ လုပ်လို့မရပါ

ပန်းနာရင်ကြပ်ရောဂါရှိသူတွေလည်း လေ့ကျင့်ခန်းတွေ၊ အားကစားတွေ လုပ်လို့ရပါတယ်။ မလုပ်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ အေးတဲ့ရာသီဥတုမှာ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာမျိုးကို ရှောင်ကြဥ်သင့်သလို လေ့ကျင့်ခန်းမလုပ်ခင်မှာလည်း လေပြွန်ကျယ်စေတဲ့ရှူဆေးကို ရှူပေးထားသင့်ပါတယ်။

Solmux Adult IA 2 2023

၄။ သောက်ဆေးတွေက ရှူဆေးထက် ပိုအစွမ်းထက်ပါတယ်

 ပန်းနာရင်ကြပ်ရောဂါဆိုတာ အဆင့်အလိုက်ခွဲပြီး ကုသမှုခံယူရတဲ့ရောဂါပါ။ ရှူဆေးတွေဟာ အဆုတ်ထဲ တိုက်ရိုက်ရောက်လို့ အာနိသင်မြန်ပြီး သောက်ဆေးလိုပဲ အစွမ်းထက်ပါတယ်။

ဒါဆိုရင်တော့ ပန်းနာရင်ကြပ်ရောဂါနဲ့ပတ်သက်တဲ့ တချို့သောအယူအဆမှားတွေကို အမှန်သိလောက်ပြီထင်ပါတယ်။ မိမိတို့ပတ်ဝန်းကျင်မှာ အမှားတွေကို သိထားတယ်ဆိုရင် အခုကိုယ်သိလိုက်တဲ့ အမှန်လေးတွေကို ဝေမျှလိုက်ကြရအောင်နော်။

Dr. Aye Hsu Mon (www.drmyanmar.com)