/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်းသီးလေးလို-ဝတာလား-သစ်တော်သီးလေးလို-လှတာလား

ပန်းသီးလေးလို ဝတာလား ... သစ်တော်သီးလေးလို လှတာလား ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ဘီယာဗိုက်လောက်ပဲ ကြားဖူးသူ အမျိုးတွေအတွက်ကတော့ အထူးတဆန်းဖြစ်နေမှာပဲ။ ပန်းသီးဗိုက်၊ သစ်တော်သီးတင်ပါးတွေအကြောင်း အလင်းပြချင်လို့။
ပန်းသီးပုံ ကိုယ်လုံးဆိုတာက အဆီက ဝမ်းဗိုက်နဲ့ ရင်ဘတ်တဝိုက်မှာ အများဆုံးစုနေတာဖြစ်ပါတယ်။ သစ်တော်သီးပုံဆိုတာက ပိုရှင်းမယ်ထင်တယ်။ တင်ပါးနဲ့ ပေါင်တွေမှာ အဆီတွေ ပိုများများ စုနေပါတယ်။ သစ်တော်သီးလေးလို အောက်ပိုင်း ကားကားဖောင်းဖောင်းလေးပေါ့။

>>    ပန်းသီးလေးတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေက -
●    သွေးတိုးရောဂါ
●    အမောမခံနိုင်တာ
●    သွေးတွင်းအဆီများတာ

>>    သစ်တော်သီးလေးတွေ ဆိုရင်တော့ ဝိတ်ချရ ပိုခက်တဲ့အပြင် -
●    အကြောတက်တာ
●    သွေးစီးဆင်းမှု မမှန်တာ
●    အဆစ်တွေဒဏ်ပိပြီး သွားရလာရ နှေးကွေးလေးလံတာတွေ ပိုဖြစ်နိုင်ပါတယ်။
    ပန်းသီးလေးလို၀၀၊ သစ်တော်သီးလေးလိုပဲကားကား ပုံမှန်ကိုယ်အလေးချိန် ရှိသူတွေထက် ဆီးချိုသွေးတိုးနဲ့ နှလုံးရောဂါပိုဖြစ်ဖို့ အလားအလာ သုံးဆခန့်ပိုများပါတယ်နော်။
    ဒီတော့ ပန်းသီးလေးလား သစ်တော်သီးလေးလား သိစေဖို့ ခါးလုံးပတ် တိုင်းကြည့်ကြရအောင် ...
•    လုံချည်ထမီ ပတ်ထားတာရှိရင် လျှော့လိုက်ပါ။
•    မှန်ရှေ့မှာ ခါးလေးမတ် ပခုံးလေးကားပြီး ရပ်လိုက်ပါ။
•    ဗိုက်ကို လျှော့ထားပါ။ အတင်းရှပ်ထား ချပ်ထားတာတော့ မလုပ်နဲ့နော်။ မှန်မှန်ကန်ကန် တိုင်းကြမယ်။
•    ခါးထောက်ပါ။ ဘေးတစ်ဖက်တစ်ချက်က တင်ပဆုံရိုးကို စမ်းသပ်ပါ။
•    ပေကြိုးကိုယူပြီး တင်ပဆုံရိုးတစ်ဝိုက်ကနေ   ခါးကို တစ်ပတ်ပတ်လိုက်ပြီး တိုင်းတာပါ။
•    အသက်ရှူသွင်းရှူထုတ် လိုက်လိုက်ပြီး ဒုတိယအကြိမ် ရှူထုတ်တဲ့အခါ ပေကြိုးလေးကို တင်းလိုက်ပြီး အတိုင်းအတာကို ဖတ်ပါ။
    အမျိုးသားတွေမှာ ၁၁၀ ကနေ ၁၂၀ အထက်ဆိုရင် မကျန်းမာတဲ့ အဝလွန်ခါး ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ၉၀ ကနေ ၁၁၀ အထက်ဆိုရင် အခြေအနေမပာန်ပါဘူးနော်။ ဒီတော့ ကိုယ်ခါးအခြေအနေလေး တိုင်းကြည့်ရင်း ကြိုးကြိုးစားစား ဝိတ်ချဖို့ ကြိုးစားကြည့်ရအောင်လေ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)