/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပါးစပ်အနာဖြစ်ခြင်းမှ-ကာကွယ်နိုင်ဖို့-ဘာတွေလုပ်ကြမလဲ

ပါးစပ်အနာဖြစ်ခြင်းမှ ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပါးစပ်မှာ ပေါက်တဲ့အနာတွေက မိသားစုရာဇဝင်ရှိလို့ (သို့) ကျန်းမာရေး အခြေအနေတစ်ခုခု စတဲ့ ကိုယ်ထိန်းချုပ်လို့ မရနိုင်တဲ့ အကြောင်းတစ်ခုခုကြောင့် ဖြစ်တတ်တဲ့အတွက် ကြိုတင်ကာကွယ်ဖို့တော့ ခဲယဉ်းပါတယ်။

          ဒါပေမဲ့ အောက်ပါအချက်တွေကတော့ ပါးစပ်အနာပေါက်တဲ့ အကြိမ်ရေ လျော့ကျစေဖို့အတွက် အထောက်အကူပြုစေနိုင်ပါတယ်။

•        ချောကလက်၊ ကော်ဖီ၊ ပူလွန်း/စပ်လွန်းသော အစားအစာများ၊ မြေပဲ၊ အယ်မွန်သီး၊ စတော်ဘယ်ရီ၊ ဒိန်ခဲ၊ ခရမ်းချဉ်သီး၊ ဂျုံစတဲ့ အစားအစာတွေက အနာဖြစ်စေတယ်ဆိုရင် ဒါတွေကို ရှောင်ပါ။

•        ပီကေ မဝါးပါနဲ့။

•        ပါးစပ်ကို မထိခိုက်စေဖို့အတွက် နူးညံ့တဲ့သွားတိုက်တံကို အသုံးပြုပါ။

•        Sodium lauryl sulphate မပါဝင်တဲ့ သွားတိုက်ဆေးကို သုံးပါ။

•        အချို့လူတွေမှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် အနာဖြစ်တတ်တဲ့အတွက် ဒါတွေကို အတတ်နိုင်ဆုံး လျှော့ချပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)