/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပိုမိုကျန်းမာစေဖို့-အစာကို-ဖြည်းဖြည်းစားတဲ့အကျင့်-လုပ်ကြည့်ပါ

ပိုမိုကျန်းမာစေဖို့ အစာကို ဖြည်းဖြည်းစားတဲ့အကျင့် လုပ်ကြည့်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာစားတဲ့နှုန်းက ကိုယ်အလေးချိန် တက်နိုင်မှုအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ အစာစားတဲ့နှုန်းတွေကို လေ့လာကြည့်တဲ့အခါမှာ အစာစားမြန်တဲ့သူတွေက နှေးတဲ့သူတွေထက် အဝလွန်နိုင်ချေ 115% ပိုများပါတယ်တဲ့။
အစားစာချင်စိတ် ဖြစ်ပေါ်တာ၊ အစာ ဘယ်လောက်စားမယ်၊ ဘယ်လောက်စားပြီးရင် ဗိုက်ပြည့်တယ်ဆိုတာက အားလုံးကို ဟော်မုန်းတွေက ထိန်းချုပ်ထားပါတယ်။ ဒီဟော်မုန်းတွေက ဗိုက်ဆာလာရင်လည်း ဦးနှောက်ကို အချက်ပေးတယ်၊ ဗိုက်ပြည့်ပြီဆိုလည်း အချက်ပေးပါတယ်။ ဒါပေမဲ့လည်း ဦးနှောက်က ဒီသတင်းကို လက်ခံရရှိဖို့အတွက်က မိနစ် ၂၀ ကြာပါသတဲ့။ ဒါကြောင့်လည်း အစာ ဖြည်းဖြည်းစားတာက ဗိုက်ပြည့်ပြီဆိုတဲ့သတင်းကို ဦးနှောက်က လက်ခံရရှိဖို့ အချိန်အလုံအလောက် ရစေပါတယ်။
ဒီအချက်တွေကို လေ့လာမှုတွေလုပ်ပြီး အတည်ပြုခဲ့ပါတယ်။ အစာ ဖြည်းဖြည်းစားခြင်းက စားမိတဲ့ ကယ်လိုရီပမာဏကို လျော့ကျစေပြီးတော့ ကိုယ်အလေးချိန်ကို ကျဆင်းစေတယ်လို့ တွေ့ရှိထားပါတယ်။
ဒါ့အပြင် ဖြည်းဖြည်းစားတဲ့အခါမှာ သေချာကြေညက်အောင် ဝါးစားရတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ဖို့တွေနဲ့ ဆက်စပ်နေပါတယ်။
ဒါကြောင့် နောက်တစ်ခါ အစာစားရင် သတိထားပြီးတော့ အစာကို သေချာကြေညက်အောင် ဝါးပြီး ဖြည်းဖြည်းလေး စားကြည့်ပါ။ အစာ အများကြီးစားမိပြီးတော့ ကိုယ်အလေးချိန်တွေ ပိုတက်လာနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)