ပီလောပီနံကို အန္တရာယ်ကင်းစွာ ဘယ်လိုစားသုံးကြမလဲ
ပီလောပီနံဆိုတာက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တွင်ကျယ်စွာ စားသုံးနေတဲ့ အမြစ်တစ်မျိုးဖြစ်ပြီးတော့ အရေးကြီးတဲ့ အာဟာရဓာတ်အချို့နဲ့ ကစီဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။
တစ်ဖက်က ပြောရရင်လည်း ဒီပီလောပီနံကို (အထူးဖြင့် အစိမ်း) အများကြီးစားမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။
သေချာ ချက်ပြုတ်စားမယ် (သို့) တစ်ခါတလေ အသင့်အတင့်သာ စားမယ်ဆိုရင် ပီလောပီနံက အန္တရာယ်မရှိပါဘူး။ ပီလောပီနံကို အန္တရာယ်ကင်းစွာ စားသုံးနိုင်မယ့်နည်းလမ်းတွေကတော့ -
● အခွံခွာစားပါ - ပီလောပီနံအခံွမှာ cyanide ထုတ်နိုင်တဲ့ဓာတ်ပေါင်းတွေ အများဆုံး ပါဝင်ပါတယ်။
● ရေစိမ်ထားပါ - ပီလောပီနံကို မပြုတ်ခင်မှာ ရေထဲမှာ ၄၈-၆၀ နာရီ စိမ်ပြီးမှ ပြုတ်စားခြင်းက သူ့ထဲမှာ ပါဝင်တဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းပါဝင်မှု လျော့ကျစေပါတယ်။
● ချက်ပြုတ်စားပါ - ပီလောပီနံအစိမ်းမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက် သေချာ ပြုတ်၊ ကင် (သို့) ဖုတ်စားပါ။
● အသားဓာတ်နဲ့ တွဲဖက်စားပါ။ - ပီလောပီနံနဲ့အတူ အသားဓာတ်အချို့ကို တွဲဖက်စားသုံးခြင်းဖြင့် အသားဓာတ်တွေက cyanide အဆိပ်ကို ဖယ်ရှားပေးနိုင်တဲ့အတွက် ပိုအကျိုးရှိပါတယ်။
● ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေကိုစ ားပါ။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ မျိုးစုံစားသုံးပြီးတော့ ပီလောပီနံတစ်ခုတည်းကိုအထူးပြု မစားသုံးခြင်းဖြင့် ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























