ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
ကျန်းမာရေးကို ပုံမှန်စစ်ဆေးဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ကိုယ်က ကျန်းမာနေတဲ့သူတစ်ယောက် ဆိုရင်တောင် ပုံမှန်ကျန်းမာရေးစစ်ဆေးတာကို လုပ်ဆောင်သင့်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကျန်းမာရေးကို ပုံမှန်စစ်ဆေးတဲ့အခါ -
● လက်ရှိဖြစ်နေတဲ့ (သို့) ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို သိနိုင်ခြင်း
● မိမိမှာ ရောဂါတစ်ခုခု ဖြစ်နိုင်ခြေ ရှိ၊ မရှိကို သိနိုင်ခြင်း
● ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ထိန်းသိမ်းနိုင်ခြင်း
အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
သက်လတ်ပိုင်းအရွယ် ကျန်းမာတဲ့သူတစ်ယောက်မှာ ပုံမှန်စစ်ဆေးပေးသင့်တာတွေကတော့ -
>> နှလုံးနဲ့သွေးကြောကျန်းမာရေးအတွက်
● သွေးတိုးရောဂါ ရှိ၊ မရှိ သိရဖို့ သွေးပေါင်ချိန်ကို နှစ်နှစ်တစ်ကြိမ်
● သွေးတွင်းအဆီပမာဏကို ငါးနှစ်တစ်ကြိမ်
● ခန္ဓာကိုယ်အညွှန်းကိန်း (BMI) ကို နှစ်နှစ်တစ်ကြိမ်
● နှလုံးစက်ဆွဲခြင်း (ECG)
>> ဆီးချိုသွေးချိုရောဂါအတွက် Fasting Blood Sugar (FBS) ကို သုံးနှစ်တစ်ကြိမ်
>> အရိုးကျန်းမာရေးအတွက် အရိုးသိပ်သည်းဆ တိုင်းတာခြင်း
>> အူမကြီးကင်ဆာအတွက် အူမကြီးမှန်ပြောင်းကြည့်တာကို ငါးနှစ်တစ်ကြိမ်
စသဖြင့် စစ်ဆေးပေးသင့်ပါတယ်။
မျိုးရိုးရှိသူတွေ၊ ရောဂါဖြစ်နိုင်ခြေများသူတွေကတော့ အကြိမ်ရေ ခပ်စိပ်စိပ်၊ ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။