/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပေါင်မုန့်နှင့်သံလွင်ဆီကို-တွဲဖက်စားသုံးခြင်းဖြင့်

ပေါင်မုန့်နှင့်သံလွင်ဆီကို တွဲဖက်စားသုံးခြင်းဖြင့် သင့်နှလုံးကိုကာကွယ်ပါ။

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ပေါင်မုန့်ပေါ်တွင် သံလွင်ဆီသုတ်၍နေ့စဉ်စားသုံးပါက နှလုံးတိုက်ခိုက်ခံရနိုင်ချေကို လျော့ကျစေကြောင်းလေ့လာမှုအရသိရှိရပါတယ်။ ကျန်းမာရေးကောင်းမွန်တဲ့ အရွယ်ရောက်ပြီးသူများအား အသုပ်သုတ်ရာတွင်ဖြစ်စေ၊  ပေါင်မုန့်စားသုံးရာတွင်ဖြစ်စေ သံလွင်ဆီ လက်ဖက်ရည်ဇွန်း လေးဇွန်းစာပမာဏကို နေ့စဉ်ထည့်သွင်းစားသုံးစေခဲ့ပြီး ဆီးနမူနာမှတဆင့် စမ်းသပ်စစ်ဆေးခဲ့ရာ 6 ပတ်အတွင်းတွင်ပင် နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးနိုင်ကြောင်း American Journal of Clinical Nutrition မှ သတင်းထုတ်ပြန်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါတယ်။

        သံလွင်ဆီပုံမှန်စားသုံးလေ့မရှိတဲ့အမျိုးသား 69 ဦး၊ အမျိုးသမီး 69 ဦးအား အုပ်စုနှစ်စုခွဲကာနေ့စဉ် Phenolics ပါ၀င်မှုလျော့နည်းသော သံလွင်ဆီကို အုပ်စုတစ်စုအားစားသုံးစေပြီး၊  ကျန်တစ်စုအား Phenolics ပါ၀င်နှုန်းမြင့်မားသော သံလွင်ဆီကို စားသုံးစေပြီးနောက် 6 ပတ်အကြာတွင် ဆီးထဲရှိ Peptides ပါ၀င်မှုပမာဏအား စမ်းသပ်ခဲ့ရာ Phenolics ပါ၀င်နှုန်းမြင့်မားသော သံလွင်ဆီကိုဖြစ်စေ၊ ပါ၀င်နှုန်းလျော့နည်းသော သံလွင်ဆီကိုဖြစ်စေ စားသုံးခြင်းက နှလုံးထိခိုက်ခံရနိုင်ချေမှ သိသိသာသာလျော့ချပေးနိုင်ကြောင်း လေ့လာဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ နာတာရှည်ရောဂါဖြစ်တဲ့ နှလုံးရောဂါကိုသာမက အဆစ်ရောင်နာဖြစ်ခြင်း (Arthritis) မှ ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကိုလျော့ချပေးနိုင်ကာ သွေးတွင်းကောင်းတဲ့အဆီ (HDL) ပမာဏကို တိုးပွားစေနိုင်တာကြောင့် နေ့စဉ်အစားအစာထဲမှာ မဖြစ်မနေထည့်သွင်းစားသုံးဖို့ အကြံပြုထားကြောင်းလည်း သိရှိရပါတယ်။

 

Maung Hlaing Thwin (www.drmyanmar.com)