ပေါင်မှာ နာကျင်ကိုက်ခဲနေတာ ဘာကြောင့်လဲ
ပေါင်အပေါ်ပိုင်း နာကျင်ခြင်းဟာ ကြွက်သားဒဏ်ရာရခြင်း၊ အာရုံကြောပြဿနာများနဲ့ အခြားအကြောင်းရင်းများကြောင့် ဖြစ်ပေါ်တတ်ပါတယ်။
၁။ ကြွက်သားဒဏ်ရာရခြင်း
ရုတ်တရက်ချော်လဲပြီး (သို့) ပြင်းထန်သောလေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ပေါင်များ ရုတ်တရက် နာကျင်ခြင်း၊ ပေါင်အပေါ်ဘက်/အောက်ဘက်များပါ နာကျင်ခြင်း၊ လှုပ်ရှားမှုပြုလုပ်တိုင်း နာကျင်ခြင်းနဲ့အတူ ရောင်နေခြင်းတို့ ဖြစ်ပေါ်ပါက ပေါင်ကြွက်သားဒဏ်ဖြစ်နေခြင်းကို ပြသနေပါတယ်။
၂။ ကြွက်သားအသုံးပြုမှုများသဖြင့် ဒဏ်ရာရခြင်း
ပေါင်ကြွက်သားများ အသုံးပြုမှုများခြင်း သို့မဟုတ် လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ ပြန်လည်အကြောမလျှော့မိခြင်း စတဲ့ အချက်တွေကြောင့် ကြောင့်ဖြစ်ပေါ်တတ်ပြီး နာကျင်ခြင်းဟာ အချိန်ကြာလာတဲ့အမျှ ပိုဆိုးတတ်ပါတယ်။
၃။ လှုပ်ရှားမှုနည်းပါးသော နေထိုင်မှုပုံစံ
အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ကြောင့် ပေါင်ကြွက်သားများပေါ်သို့ ဖိအားပိုမိုသက်ရောက်စေပြီး နာကျင်စေပါတယ်။
၄။ အခြားသောဒဏ်ရာများကနေ ပေါင်ဆီသို့ ရွေ့လျားနာကျင်ခြင်း
တင်ပါးထိခိုက်ဒဏ်ရာရခြင်းကြောင့် ခြေသလုံးများအထိပါ နာကျင်တတ်သလို အခြားသော ကိုယ်အစိတ်အပိုင်းများ နာကျင်ခြင်းကြောင့်လည်း ပေါင်ကိုက်ခဲခြင်း ဖြစ်စေတတ်ပါတယ်။
Alaxan IA (1)
၅။ အာရုံကြောများ နာကျင်ခြင်း
ပေါင်အပေါ်ပိုင်းရှိ အာရုံကြောများထိခိုက်ခြင်းကြောင့်လည်း ပေါင်ကြွက်သားနာကျင်ခြင်း ဖြစ်စေနိုင်ပါတယ်။
၆။ ခြေထောက်နဲ့ လက်များရှိ အာရုံကြောရောဂါ
ဆီးချိုဝေဒနာရှင်များတွင် အဖြစ်များပြီး အာရုံကြောများ ပျက်စီးရာကနေ ပေါင်ကြွက်သားများ နာကျင်ခြင်း၊ ပူခြင်း၊ ထုံခြင်းတို့ ဖြစ်စေတတ်ပါတယ်။
၇။ အခြားအကြောင်းရင်းများ
သွေးခြေဥခြင်း၊ နာတာရှည် ခြေထောက်နာခြင်း၊ အရိုးအဆစ်များရောင်ခြင်း၊ ကြွက်သားနာခြင်း၊ သွေးပြန်ကြော သွေးခဲပိတ်ဆို့သောရောဂါ (DVT) တို့တွင်လည်း ပေါင်ကိုက်ခဲခြင်းကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Alaxan IA (2)
(Zawgyi)
ေပါင္အေပၚပိုင္း နာက်င္ျခင္းဟာ ႂကြက္သားဒဏ္ရာရျခင္း၊ အာ႐ုံေၾကာျပႆနာမ်ားနဲ႔ အျခားအေၾကာင္းရင္းမ်ားေၾကာင့္ ျဖစ္ေပၚတတ္ပါတယ္။
၁။ ႂကြက္သားဒဏ္ရာရျခင္း
႐ုတ္တရက္ေခ်ာ္လဲၿပီး (သို႔) ျပင္းထန္ေသာေလ့က်င့္ခန္း ျပဳလုပ္ၿပီးေနာက္ ေပါင္မ်ား ႐ုတ္တရက္ နာက်င္ျခင္း၊ ေပါင္အေပၚဘက္/ေအာက္ဘက္မ်ားပါ နာက်င္ျခင္း၊ လႈပ္ရွားမႈျပဳလုပ္တိုင္း နာက်င္ျခင္းနဲ႔အတူ ေရာင္ေနျခင္းတို႔ ျဖစ္ေပၚပါက ေပါင္ႂကြက္သားဒဏ္ျဖစ္ေနျခင္းကို ျပသေနပါတယ္။
၂။ ႂကြက္သားအသုံးျပဳမႈမ်ားသျဖင့္ ဒဏ္ရာရျခင္း
ေပါင္ႂကြက္သားမ်ား အသုံးျပဳမႈမ်ားျခင္း သို႔မဟုတ္ ေလ့က်င့္ခန္းျပဳလုပ္ၿပီးတဲ့အခါ ျပန္လည္အေၾကာမေလွ်ာ့မိျခင္း စတဲ့ အခ်က္ေတြေၾကာင့္ ေၾကာင့္ျဖစ္ေပၚတတ္ၿပီး နာက်င္ျခင္းဟာ အခ်ိန္ၾကာလာတဲ့အမွ် ပိုဆိုးတတ္ပါတယ္။
၃။ လႈပ္ရွားမႈနည္းပါးေသာ ေနထိုင္မႈပုံစံ
အထိုင္မ်ားျခင္း၊ ကိုယ္လက္လႈပ္ရွားမႈမရွိျခင္းတို႔ေၾကာင့္ ေပါင္ႂကြက္သားမ်ားေပၚသို႔ ဖိအားပိုမိုသက္ေရာက္ေစၿပီး နာက်င္ေစပါတယ္။
၄။ အျခားေသာဒဏ္ရာမ်ားကေန ေပါင္ဆီသို႔ ေ႐ြ႕လ်ားနာက်င္ျခင္း
တင္ပါးထိခိုက္ဒဏ္ရာရျခင္းေၾကာင့္ ေျခသလုံးမ်ားအထိပါ နာက်င္တတ္သလို အျခားေသာ ကိုယ္အစိတ္အပိုင္းမ်ား နာက်င္ျခင္းေၾကာင့္လည္း ေပါင္ကိုက္ခဲျခင္း ျဖစ္ေစတတ္ပါတယ္။
၅။ အာ႐ုံေၾကာမ်ား နာက်င္ျခင္း
ေပါင္အေပၚပိုင္းရွိ အာ႐ုံေၾကာမ်ားထိခိုက္ျခင္းေၾကာင့္လည္း ေပါင္ႂကြက္သားနာက်င္ျခင္း ျဖစ္ေစႏိုင္ပါတယ္။
၆။ ေျခေထာက္နဲ႔ လက္မ်ားရွိ အာ႐ုံေၾကာေရာဂါ
ဆီးခ်ိဳေဝဒနာရွင္မ်ားတြင္ အျဖစ္မ်ားၿပီး အာ႐ုံေၾကာမ်ား ပ်က္စီးရာကေန ေပါင္ႂကြက္သားမ်ား နာက်င္ျခင္း၊ ပူျခင္း၊ ထုံျခင္းတို႔ ျဖစ္ေစတတ္ပါတယ္။
၇။ အျခားအေၾကာင္းရင္းမ်ား
ေသြးေျခဥျခင္း၊ နာတာရွည္ ေျခေထာက္နာျခင္း၊ အ႐ိုးအဆစ္မ်ားေရာင္ျခင္း၊ ႂကြက္သားနာျခင္း၊ ေသြးျပန္ေၾကာ ေသြးခဲပိတ္ဆို႔ေသာေရာဂါ (DVT) တို႔တြင္လည္း ေပါင္ကိုက္ခဲျခင္းကို ေတြ႕ႀကဳံရမွာ ျဖစ္ပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























