/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပဲသီး၏-ကျန်းမာရေး-အစွမ်းသတ္တိများ

ပဲသီး၏ ကျန်းမာရေး အစွမ်းသတ္တိများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    ကင်ဆာ

          ပဲသီးမှာ ကလိုရိုဖီး မြင့်မားစွာ ပါဝင်ပါတယ်။ ဒီဓာတ်က အသားတွေကို အပူချိန်ပြင်းပြင်းမှာ ကင်ရင် ထွက်လာတဲ့ heterocyclic amines ရဲ့ ကင်ဆာဖြစ်စေတတ်သောဓာတ်တွေကို ပိတ်ဆို့ပေးပါတယ်။ ဒါကြောင့် အကင် ကြိုက်တတ်တဲ့သူတွေအနေနဲ့ အကင်စားရင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်စားသုံးပေးသင့်ပါတယ်။

 

>>    သနေ္ဓအောင်နိုင်စွမ်းနှင့် ကိုယ်ဝန်ဆောင်

          မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေအနေနဲ့ ဟင်းနုနွယ်၊ ပဲသီး၊ ရွှေဖရုံသီးနဲ့ စတဲ့ အပင်တွေကနေရတဲ့ သံဓာတ်တွေကို ပိုမိုစားသုံးပေးခြင်းဖြင့် သနေ္ဓအောင်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။  လေ့လာမှုတွေအရလည်း သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာများ (ခရမ်းချဉ်၊ ငရုတ်ပွသီး၊ ဘယ်ရီသီး စသည်) နှင့် တွဲဖက်စားသုံးပေးပါက သံဓာတ်စုပ်ယူမှုကို ပိုကောင်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကိုယ်အင်္ဂါချို့တဲ့မှုတွေကို ကာကွယ်နိုင်ဖို့ folic acid လုံလောက်စွာ သောက်ဖို့လည်း အရေးကြီးပါတယ်။ ပဲသီးဟင်းတစ်ခွက်ဟာဆိုရင် နေ့စဉ်လိုအပ်တဲ့ folic acid 10% နဲ့ သံဓာတ် 6% ကို ပေးစွမ်းနိုင်ပါတယ်။

 

>>    စိတ်ဓာတ်ကျခြင်း

          နေ့စဉ်လိုအပ်တဲ့ folate ဓာတ်ကို ရရှိပါက စိတ်ကျခြင်းကိုလည်း ကာကွယ်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ထဲမှာ homocysteine ဆိုတဲ့ဓာတ်တွေ ပိုမနေအောင်လည်း ကာကွယ်ပေးပါတယ်။ homomcysteine အရမ်းများပါက ဦးနှောက်ဆီကိုသွေးနဲ့ အာဟာရဓာတ် မရတော့ဘဲနဲ့ စိတ်ခံစားမှုကို ထိန်းချုပ်ပေးနိုင်တဲ့ ဟော်မုန်းထွက်တာကို ထိခိုက်စေနိုင်ပါတယ်။

 

>>    အရိုးကျန်းမာရေး

          ဗီတာမင် K ဓာတ် လုံလောက်ပါက အရိုးကနေပြီး ကယ်ဆီယမ် စုပ်ယူမှု အားကောင်းစေပြီး ကယ်ဆီယမ်ကို ဆီးထဲကနေ စစ်ထုတ်မှုနည်းစေတဲ့အတွက် အရိုးကျန်းမာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဗီတာမင် K စားသုံးမှုနည်းခြင်းက အရိုးကျိုးခြင်း ဖြစ်နိုင်ချေပိုများစေပါတယ်။ ပဲသီးဟင်းတစ်ခွက်ကနေပြီးတော့ လူတစ်ယောက်ရဲ့ နေ့စဉ် ကယ်ဆီယမ် လိုအပ်ချက်ရဲ့ 4% ကို ပေးစွမ်းနိုင်ပါတယ်။ အရေးကြီးတဲ့အချက်တစ်ခုကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဆေးအနေနဲ့ ဖြည့်စွက်စာတွေအနေနဲ့ စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအစာတွေစားသုံးပြီး ရလာခြင်းလောက် မကောင်းပါဘူး။

Dr. Mya Myo Myo Swe (www.drmyanmar.com)