ပျင်းသောသူများပင် အလွယ်တကူ လိုက်နာနိုင်မယ့် ကျန်းမာရေး အလေ့အထလေးများ
ကျွန်မတို့ဟာ TV ကြည့်ရင်း၊ ဖုန်းပွတ်ရင်း ကိုယ်စားချင်တာ စားပြီး ၀လာဖို့ လွယ်ကူသလောက် ၀ိတ်ချဖို့ ခဲယဉ်းတာ သိကြမှာပါ။ ၀ိတ်ချဖို့အတွက် အစားကိုထိန်းဖို့၊ နေ့စဉ် Gym သွားဖို့ကလည်း ထင်သလောက် မလွယ်ကူပါဘူး။ ဒီလိုအချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ဖို့ကို ပျင်းကြတဲ့ ကျွန်မလို လူတွေလည်း အများကြီး ရှိပါလိမ့်မယ်။
အခုစာဖတ်နေသူများတွင်လည်း ကျွန်မလိုလူများ ပါမှာပါပဲ။ ဟုတ်တယ်မလား၊ ကဲ ... ဒါဆိုရင်တော့ အထူးတလည် အားစိုက်စရာမလိုဘဲ အောက်ဖော်ပြပါအချက်လေးများကို လိုက်နာရုံဖြင့် ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်နိုင်ပါပြီနော်။
1. အိပ်ပါ။
အင်း ဟုတ်ပါတယ်။ အိပ်စက်ပါ။ အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေတဲ့အပြင် စိတ်ဖိစီးမှုကို လျှော့ချတာမို့ အသက်ရှည်စေပါလိမ့်မယ်။ ဒါ့အပြင် အိပ်ရေးမ၀သူတွေထက် အိပ်ရေး၀၀အိပ်တဲ့သူတွေက အစားအသောက်တွေကို စိတ်မထိန်းနိုင်ဘဲ မဆင်မခြင် လျှောက်စားမိတဲ့ ဒုက္ခကလည်း ကင်းေ၀းစေပါတယ်။ ဒီတော့ တစ်ညကို ၈ နာရီခန့် အိပ်စက်ပါ။
2. အစာကို ဖြည်းဖြည်းစားပါ။
အစာကို မြန်မြန်စားတာထက် ဖြည်းဖြည်းချင်းဝါးခြင်းက အစာခြေဖို့ လွယ်ကူစေတဲ့အပြင် ကိုယ်အလေးချိန်ကျဖို့ အထောက်အကူ ပြုပါတယ်။ ဗိုက်၀ကြောင်း ခန္ဓာကိုယ်က လက်ခံဖို့ မိနစ် ၂၀ ကြာပါတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်း စားခြင်းဟာ မလိုအပ်ဘဲ အစာတွေ အများကြီး မစားမိစေတာမို့ ၀ိတ်မတက်လာအောင် ကူညီပေးပါတယ်။
3. အိမ်မွေးတိရစၧာန်လေးတစ်ကောင်လောက် မွေးပါ။
ခွေး သို့မဟုတ် ကြောင်တစ်ကောင် မွေးထားခြင်းဖြင့် စိတ်ရောကိုယ်ပါ တက်ကြွနေစေပါလိမ့်မယ်။ ဒီလို အိမ်မွေးတိရစာၦန်တစ်ကောင်လောက် မွေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး သွေးပေါင်ချိန်ကိုပါ ကျစေတာမို့ ကျန်းမာရေးအတွက် အထူးကောင်းမွန်လှပါတယ်။ ဒါပေမဲ့ ကိုယ်မွေးထားတဲ့ တိရစာၦန်လေးတွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေတော့ မှန်မှန်ထိုးပေးဖို့ မမေ့နဲ့ပေါ့နော်။
Enervon-C Adult 1

4. ကျန်းမာရေးနှင့် ညီညွတ်သောအစာများကို စားပါ။
ကျန်းမာရေးနှင့် ညီညွတ််တဲ့အစာတွေကို ကမ်ဘာကျော်စားဖိုမှူးတွေလို ပြင်ဆင်ချက်ပြုတ်နေစရာ မလိုပါဘူး။ ဈေးမှာ အလွယ်ရသော ဟင်းရွက်များကို ဆီနည်းနည်းနှင့် သုတ်စားခြင်း၊ ကြက်ဥပြုတ်စားခြင်း၊ အုတ်ဂျုံစားခြင်းတို့နဲ့တောင် အဆင်ပြေပါတယ်။ ဆီကြော်စာများနှင့် အသင့်စားအစာများကို စားမယ့်အစား ဟင်းသီးဟင်းရွက် များများစားပေးသင့်ပါတယ်။
5. TV ကြည့်ရင်း လေ့ကျင့်ခန်းလုပ်မယ်။
ကိုယ့်အကြိုက်ဆုံး ရုပ်သံစီးရီးကို ကြည့်နေရင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ဖို့ တွေးဖူးသလား။ ဥပမာ ကြော်ငြာလာချိန်မှာ မီးဖိုခန်းထဲက ရေဘူးကို ပြေးယူတာမျိုးပေါ့။ ပိုအပင်ပန်းခံနိုင်ရင်တော့ တီဗီကြည့်ရင်း ထိုင်ထ၊ အိပ်ထ မတင် လေ့ကျင့်ခန်းစတာတွေ လုပ်ပေးနိုင်ပါသေးတယ်။ တစ်ခိျန်တည်း အလုပ်နှစ်ခုပြီးတာပေါ့။ ဟုတ်တယ်မလား။
အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာခြင်းဖြင့် ကမ်ဘာကျော်မော်ဒယ်တွေလို သွယ်လျလာမှာတော့ မဟုတ်ပေမယ့် အရင်ကထက်တော့ ပိုကျန်းမာကြံ့ခိုင်လာမှာ အသေအချာပါပဲ။ ကဲ ... ဒီနေ့ပဲ စမ်းကြည့်လိုက်ကြစို့နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Enervon-C Adult 2

(Unicode)






























