/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပျို့ချင်အန်ချင်တာ-ဘာလို့လဲ

ပျို့ချင်အန်ချင်တာ ဘာလို့လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာစားပြီးတိုင်း ပျို့ချင်သလိုဖြစ်တာ မအန်ဘဲ ရင်ပြည့်ပြီး ပျို့လာတာတွေက ဘာလို့များပါလိမ့် ??

 

• အစာရေမျိုပြွန် ရောင်ရမ်းနာဖြစ်တဲ့အခါ ပျို့ချင်အန်ချင်တာ တွေ ဖြစ်လာတတ်ပါတယ်။ ရင်ပူတာရော တွဲလာတတ်ပါတယ်။

 

• အစာလုံးဝမရှိတဲ့အချိန် အချိုဓာတ်ကျနေတဲ့အချန်မှာ ဝမ်းဟာဟာနဲ့ ရှိချိန်မှာ ဆေးတခုခုသောက်လိုက်တဲ့အခါ ပျို့တက်လာပါတယ်၊ သကြားစားပေးရင်ရပါပြီ။

 

• ကိုယ်တခါမှ မစားဘူးတဲ့ အစာသစ်တွေ ပင်လယ်စာတွေ စားတဲ့အခါ အစာအိမ်က အစာသစ်ကို အကျင့်မရတဲ့အတွက် ပျို့ချင်အန်ချင်စိတ်တွေဖြစ်လာပါတယ်။

Kremil-S 1

• ဖျားတဲ့အခါ တုပ်ကွေးမိတဲ့အခါ ပျို့ချင်လာတာထုံးစံပါပဲ၊ အသီးဖျော်ရည်သောက်သုံးပေးပြီး အစာပျော့ပျော့စားပေးခြင်းဖြင့် သက်သာလာစေပါတယ်။

 

• နာကျင်တဲ့အခါ ရာသီလာစဉ် ကိုက်ခဲတာ ဒဏ်ရာရတဲ့အခါ အလိုလိုပျို့ချင်လာပါတယ်။ နာတာသက်သာလာတာနဲ့ သူ့ဘာသာပျောက်သွားလေ့ရှိပါတယ်။

 

 

ပျို့ချင်တာတွေက ဘယ်အချိန်မှာစိုးရိမ်ရသလဲ ??

 

• မကြာခဏအန်နေတဲ့အခါ

• ဗိုက်တင်းတာ အစာမကြေလေပွတာတွေ ခဏခဏ ဖြစ်တဲ့အခါ

• အစာသီးတာ အစာမျိုရခက်တာတွေရှိတဲ့အခါ 

• အစားအသောက်ပျက်လာတာ

• ကိုယ်အလေးချိန် ကျဆင်းလာတာတွေ ရှိခဲ့ရင်

 

ဆရာဝန်ပြသစစ်ဆေးပြီးရောဂါရှာဖွေမှုပြုလုပ်သင့်ပါတယ်နော်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Kremil-S 2

(Unicode)

 


 


 


 


 


 


 

 


 






 


 
