ပျော်စရာ မိသားစုဘဝ
ရှုပ်ထွေးပွေလီလှတဲ့ လူဘဝကြီးထဲမှာ မိသားစုဆိုတာ အိုအေစစ်ပမာ အမောပြေ၊ အပန်းပြေစေနိုင်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ တကူးတက ကြိုးပမ်းနေစရာ မလိုအပ်ပါဘူး။ အချိန်တိုင်း၊ နေရာတိုင်းမှာ အမှတ်ရစရာလေးတွေ အတူဖန်တီးနိုင်ကြပါတယ်။
● နေ့စဉ်ဘဝ ရယ်မောစရာလေးတွေ၊ ရင်ဖွင့်စရာလေးတွေ ဝေမျှပါ။ ဥပမာ -မိသားစု ထမင်းလက်ဆုံစားချိန်၊ ကားပေါ် အတူသွားချိန်တွေမှာ တစ်နေ့တာ လှုပ်ရှားမှုအကြောင်း အပြန်အလှန် ပြောဆိုတိုင်ပင်ပါ။
● မိသားစုဝင် တစ်ယောက်ချင်းစီနဲ့ စကားပြောဖြစ်အောင် ပြောပါ။ ကလေးတွေ အိပ်ရာမဝင်ခင် 5 မိနစ်စီလောက် စကားစမြည် ပြောကြည့်ပါ။
● ဇနီး၊ ခင်ပွန်းကိုလည်း သီးသန့်အချိန်ပေးပါ။
● မိသားစုနဲ့အတူ ပျော်စရာအမှတ်တရလေးတွေ ဖန်တီးပါ။ ထူးထူးခြားခြား လုပ်စရာမလိုဘဲ ပိတ်ရက်မှာ အိမ်နားက ပန်းခြံမှာ မိသားစုလိုက် ဘောလုံးကန်ကြတာမျိုး၊ ညဘက်တွေမှာ စစ်တုရင်လို ကစားနည်းမျိုး အတူကစားကြတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။
● မွေးနေ့တွေလိုမျိုး ထူးထူးခြားခြားနေ့တွေမှာ ဘာလုပ်ကြမလဲ အတူတိုင်ပင်ကြပါ။ ကလေးငယ်လေးတွေကိုလည်း ပါဝင်စေပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























