ပြည့်စုံသာယာသော လိင်ဆက်ဆံရေးဆိုတာ ...
သုတေသနစစ်တမ်းတစ်ခုအရ မသာယာတဲ့၊ အဆင်မပြေ ဖြစ်ကြ ကွဲကွာကြရတဲ့ အိမ်ထောင်ရေးတွေရဲ့ အကြောင်းအရင်းတွေထဲမှာ လိင်ဆက်ဆံမှု၊ ဘဝသာယာစိုပြေမှု မရှိတာဟာ ထိပ်ဆုံးက ပါဝင်နေပါသတဲ့။
>> ပြည့်စုံသာယာသော လိင်ဆက်ဆံရေးဆိုတာ -
● နှစ်ဦးနှစ်ဖက် နွေးထွေးလုံခြုံမှု ခံစားရတာ ရှိရပါမယ်
● ကျေနပ်သာယာမှုဆိုတဲ့ အထွဋ်အထိပ်ကို နှစ်ဖက်လုံး ရောက်တာမျိုး
● တစ်ဖက်လူရဲ့ လိင်လိုအင်အတွက် အနိုင်ကျင့်ခံရတဲ့၊ အဖြည့်ခံ ခံစားချက် မဟုတ်တာမျိုး
● လိင်သာယာမှုအတွက် ကိုယ်ခန္ဓာကို ထိခိုက်နာကျင်စေတာတွေက ကင်းလွတ်နေတာ
● ဆက်ဆံဖော်အပေါ်မှာ လေးစားမှုရှိရှိ၊ အကောင်းမြင်ဝါဒအပြည့် ထားရှိပေးတာ
● စောင့်ဆိုင်းစိတ်ရှည်ပေးတာ၊ ကျေနပ်မှု ပြည့်ပြည့်ဝဝ ရရှိတာတွေအပြင်
● နူးညံ့ညင်သာစွာ အသာအယာ ပွေ့ဖက်ပေးတာတွေ ပါဝင်ပါတယ်။
ဒီတော့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်းဆိုတာ မဖြစ်မနေ လိုအပ်လာပါတယ်။ တစ်ဦးကိုတစ်ဦး လိုအင်ပြည့်ဖို့ ကျေနပ်သာယာမှုအတွက် ဘာလုပ်ဆောင်ပေးရမလဲဆိုတာမျိုး အပြန်အလှန် အသိပေးပေးခြင်းဖြင့် ပြီးပြည့်စုံတဲ့ လေးစားမှုအပြည့်အဝရှိတဲ့ လိင်ဆက်ဆံမှုဘဝကို တည်ဆောက်ကြပါစို့။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)





























