/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပြည်ဖုများအကြောင်း

ပြည်ဖုများအကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အဖြစ်များတဲ့ ဝက်ခြံကနေပြီးတော့ သေစေနိုင်လောက်တဲ့အထိ ဆိုးရွားတဲ့ ရေကျောက်အဆုံး အကြောင်းအမျိုးမျိုးကြောင့် ပြည်ဖုတွေ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းကို ရောဂါပိုး ဝင်ရောက်လာပြီး သွေးဖြူဥတွေကို တိုက်ခိုက်ရင် ပြည်ဖုတွေ ထွက်လာတတ်ပါတယ်။ ဒီပြည်ဖုထဲမှာဆိုရင် ရောဂါပိုးပါတဲ့ အရည်တွေနဲ့ သွေးဖြူဥအသေ (ပြည်) တွေ ပေါင်းစပ်ပါဝင်ပါတယ်။ ဒီပြည်တွေက အရည်ပြားအောက် (သို့) အပေါက်တစ်ခုထဲမှာ စုပြုံလာပြီး ပြည်ဖုအဖြစ် ထွက်လာပါတယ်။

 

>>    ပြည်ဖုဖြစ်ရသော အကြောင်းအရင်းများ

•        ဝက်ခြံ - အရည်ပြားမှာရှိတဲ့ အပေါက်လေးတွေကို ထိခိုက်မှုများပြီး ဝက်ခြံဖုအဖြစ်နဲ့ ထွက်လာပါတယ်။

•        Psoriasis - အရေပြားမှာ နီခြင်း၊ ယားခြင်း၊ အကြေးခွံကဲ့သို့သော အကွက်များဖြစ်ခြင်း ဖြစ်ပါတယ်။ ရောဂါပိုးဝင်ခြင်း၊ စိတ်ဖိစီးမှု၊ အချို့သော ဓာတုပစ္စည်းများနဲ့ ဆေးဝါးအချို့ကြောင့် ဒါကို ပိုဆိုးစေနိုင်ပါတယ်။

•        ရေကျောက် - ကလေးတွေမှာ အဖြစ်များတဲ့ ဒီရောဂါက ပိုဆိုးလာပါက ပြည်ဖုတွေ ဖြစ်လာနိုင်ပါတယ်။

•        IgA pemphigus - ပြည်ဖုထွက်ခြင်းက ကိုယ့်ရဲ့ခုခံအားစနစ်ကို ကိုယ့်ဘာသာ ပြန်တိုက်တဲ့ ရှားပါးရောဂါတစ်မျိုးဖြစ်တဲ့ ဒီရောဂါရဲ့လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။

•        ကျောက်ကြီး - အရင်ခေတ်တွေတုန်းက ကူးစက်လွယ်တဲ့ အသက်များစွာ ဆုံးရှုံးစေတဲ့ ကျောက်ကြီးရောဂါရဲ့ အသိသာဆုံး လက္ခဏာတစ်ခုကတော့ ပြည်ဖုများပဲ ဖြစ်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)