ပြီးပြည့်စုံတဲ့ ကိုယ်ခံစွမ်းအား "အင်မြူးပရို" ကို သောက်လို့ထား
လူကြီး၊ လူငယ်အရွယ်မရွေး လူတိုင်းရဲ့နေ့စဉ်ဘဝမှာ မပျက်မကွက်လုပ်ဆောင်ရမယ့် အရေးကြီး လုပ်ငန်းဆောင်တာတွေ ရှိပါတယ်။ ဒီလိုအရေးကြီးတဲ့ တာဝန်ဝတ္တရားတွေကို အချိန်မီပြီးမြောက်မှသာ ဘဝလမ်းခရီးမှာ နောက်ကောက်ကျကျန်မနေခဲ့ဘဲ ရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီလိုလုပ်ငန်းတာဝန်တွေ အချိန်မီပြီးမြောက်နိုင်ဖို့ဆိုရင် ဖျားနာခြင်းတွေ ကင်းဝေးပြီး ကိုယ်ခံအားကောင်းနေမှ ဖြစ်မှာပါ။ ဒီလို ဖျားနာခြင်းနဲ့ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်ဖို့ ဗီတာမင် စီ နဲ့ ဇင့်ဆိုတဲ့ ဒိုင်း (၂) ခုကို အိမ်မှာဆောင်ထားဖို့ လိုမယ်နော်။
ImmunPro 2022 IA 1

ဗီတာမင်စီက ပင်ပန်းနွမ်းနယ်မှုများကို လျှော့နည်းစေတဲ့အပြင် ကိုယ်ခံအားကောင်းစေတာကြောင့် အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို စိုပြေစေပြီး အရိုးနှင့် သွားတွေကို ကျန်းမာကြံ့ခိုင်စေနိုင်ခြင်း၊ သံဓာတ် စုပ်ယူမှုကို ပိုမိုအားကောင်းစေနိုင်ခြင်းနဲ့ လေသင်တုန်းဖြတ်ခြင်းအန္တရာယ် (Stroke) ကို လျှော့ချပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ထပ်ဆောင်းပေးနိုင်ပါတယ်။
ဇင့်ဟာဆိုရင်လည်း ကိုယ်ခန္ဓာကို ရောဂါပိုးမွှားတွေကနေ ခုခံစွမ်းအားမြင့်တက်စေပြီး၊ ဖျားနာခြင်းကို ကာကွယ်ပေးပါတယ်။ အကယ်၍ အခန့်မသင့်လို့ ဖျားနာခဲ့ရင်လည်း အမြန်ဆုံးပြန်လည်သက်သာစေနိုင်ပါတယ်။
ကိုယ်ခန္ဓာမှာ ဆဲလ်တွေကို ကြီးထွားစေနိုင်ပြီး ဆဲလ်လ်ပျက်စီးမှုတွေကိုလည်း ပြုပြင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အနာကျက်လည်း မြန်စေနိုင်တာပေါ့။ ဒါတင်မကဘဲ အစာချေစနစ်အထောက်အကူပြုတဲ့အပြင်၊ ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေနိုင်တာကြောင့် သွေးလည်ပတ်မှုကိုကောင်းစေနိုင်ပြီး သွေးတိုးရောဂါ ကုသရာမှာလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။
ကျား/မ ဟိုမုန်းများ အပေါ်မှာလည်း ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိပြီး မျိုးပွားကျန်းမာရေးအတွက် အကျိုးရှိပါတယ်။
ImmunPro 2022 IA 2

ပြီးပြည့်စုံတဲ့ ကိုယ်ခံစွမ်းအား “အင်မြူးပရို”ကို သောက်လို့ထား ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း …
● ဗီတာမင် စီ ၅၀၀ မီလီဂရမ် နှင့် ဇင့် ၁၀ မီလီဂရမ် တို့ ပေါင်းစပ်ပါဝင်တဲ့ ImmunPro (အင်မြူးပရို) က အထက်မှာ ဖော်ပြထားတဲ့ အကျိုးအားနိသင်တွေနဲ့ လူ့ခန္ဓာကိုယ်ရဲ့ ပင်မကိုယ်ခံစွမ်းအားကို ဒိုင်းကြီး (၂) ခုသဖွယ် Dual Immune Defense အနေနဲ့ ကာကွယ်ပေးထားမှာပဲ ဖြစ်ပါတယ်။
● အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းကို ကာကွယ်ပေးပြီး၊ ရောဂါလက္ခဏာ ခံစားရမှု လျော့ကျစေနိုင်သည့်အပြင် ဝေဒနာကို အမြန်ဆုံး ပြန်သက်သာစေနိုင်ပါတယ်။
● ImmunPro (အင်မြူးပရို) မှာ ဆိုဒီယမ်အက်စ်ကော်ဘိတ်(ဗီတာမင် စီ) ကို ထည့်သွင်းဖော်စပ်ထားတာကြောင့် ဝမ်းဗိုက်မအီမသာမဖြစ်စေဘဲ အစာအိမ်ရောဂါရှိသူများလည်း စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်။
● ဇင့် ၁၀ မီလီဂရမ်က နေ့စဉ်လိုအပ်တဲ့ ဇင့်ပမာဏ ၁၀-၁၅ မီလီဂရမ်နဲ့ ကိုက်ညီအောင် ထည့်သွင်းထားတာကြောင့် တစ်နေ့တာ လိုအပ်တဲ့ ဇင့်ပမာဏ အပိုအလိုမရှိစေဘဲ ရင်ပြည့်ခြင်း၊ ပျို့ခြင်း စတာတွေကနေ ကင်းဝေးစေနိုင်ပါတယ်။
● ဗီတာမင် စီ နဲ့ ဇင့်ကို သဘာဝအတိုင်း ပေါင်းစပ်ရာတွင် ပါဝင်မှုလျော့ကျသွားခြင်း၊ ဆေးကဒ်များ တွန့်သွားခြင်း စတဲ့ အခက်အခဲတွေလည်း ရှိတတ်ပါတယ်။ ImmunPro (အင်မြူးပရို) ကတော့ အရည်သွေးမြင့် ပရီမီယမ် Product ဖြစ်တာနဲ့အညီ အဆင့်မြင့် ဇင့် ပလပ်စ် (ZincPlus Technology) နည်းပညာသုံးထားခြင်းကြောင့် ဗီတာမင်စီနှင့် ဇင့် ပေါင်းစပ်မှု အရည်အသွေးကို ပိုမိုကောင်းမွန်တည်ငြိမ်စေပြီး အစာအိမ်မှ လွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်ပါတယ်။
● တစ်နေ့ (၁) လုံး သောက်ထားရုံနှင့် ပြီးပြည့်စုံတဲ့ကိုယ်ခံစွမ်းအားကို ပေးစွမ်းနိုင်တဲ့ ImmunPro (အင်မြူးပရို) ကို လက်ရှိနိုင်ငံတကာမှာ ယုံကြည်စွာ သုံးစွဲလျက်ရှိပါတယ်။






























