/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပွေးကွက်အကြောင်း-သင်-ဘာတွေ-သိထားသင့်လဲ

ပွေးကွက်အကြောင်း သင် ဘာတွေ သိထားသင့်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      ဟယ် … ကြည့်ပါဦး ပွေးကွက်တွေ ပေါ်လာတယ်။ ဘယ်သူ့ဆီက ကူးပါလိမ့်။ ဘာဆေးလိမ်းရမလဲ အကြံပေးပါဦး။
●    ပွေးကွက်ဆိုတာ မှိုကြောင့်ဖြစ်သော အရေပြားပိုးဝင်ခြင်းဖြစ်ပြီး ဦးရေပြား၊ အရေပြား၊ လက်ချောင်းများ၊ ခြေသည်းနဲ့ ခြေထောက်တို့တွင် အဓိကဖြစ်ပေါ်တတ်ပါတယ်။
●    လူတိုင်းတွင်ဖြစ်ပေါ်နိုင်ပြီး ကလေးငယ်များတွင် ပိုအဖြစ်များတတ်ပါတယ်။
●    ပွေးရှိသော လူတစ်ဦး သို့မဟုတ် တိရစ္ဆာန်တစ်ကောင်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ကူးနိုင်သလို ပွေးရှိသူတစ်ဦးရဲ့ အသုံးအဆောင်ပစ္စည်းတွေကို သုံးမိခြင်း၊ ရေချိုးခန်း အတူတူသုံးခြင်းဖြင့်လည်း ကူးစက်နိုင်ပါသေးတယ်။
●    ဦးရေပြားပွေးကွက်ဟာ အရွယ်အစား သေးသေးကနေ စတင်တတ်ပြီး အရွယ်ကြီးလာတာနဲ့အမျှ ထိုနေရာတွင် ဆံပင်ကျွတ်ခြင်း ထိပ်ကွက်ခြင်းပါ ဖြစ်စေတတ်ပါတယ်။ ထိုပွေးကွက်ပေါ်ရှိ ဆံပင်တွေဟာလည်း ကျွတ်ဆတ်ပြီး ကျိုးပဲ့လွယ်တတ်ပါတယ်။
●    ကိုယ်ပေါ်ရှိ ပွေးကွက်တွေကတော့ ခပ်ပြားပြား အကွင်းငယ်လေးများအဖြစ် တွေ့ရပြီး အနားသတ်အနီရောင်ဖြစ်ပြီး ငါးကြေးခွံလို ခြောက်သွေ့ခြင်း သို့မဟုတ် စိုစွတ်နေတာလည်း ရှိနိုင်ပါတယ်။
●    ခြေချောင်းများကြားတွင်လည်း ပွေးကွက်များ ဖြစ်ပေါ်တတ်ပြီး ခြေထောက်အရေပြားကွဲခြင်း သို့မဟုတ် အကြေးခွံလန်ခြင်းမျိုး တွေ့ရတတ်ပါတယ်။
●    ဦးရေပြားပွေးကွက်မှာ ရောဂါကူးစက်ပြီး ၁ဝ ရက်မှ ၁၄ ရက်အတွင်း စတင်ဖြစ်ပေါ်တတ်ပြီး ကိုယ်ခန္ဓာ ပွေးကွက်ကတော့ ၄ ရက်ကနေ ၁ဝ ရက်တွင်း ဖြစ်ပေါ်တတ်ပါတယ်။
●    ပွေးကွက် တစ်ခါဖြစ်ပြီးပေမယ့်လည်း နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားနိုင်ပါတယ်။
●    ဆရာဝန်ညွန်ကြားချက်အတိုင်း အရေပြားလိမ်းဆေး လိမ်းခြင်း၊ ဆေးသောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ Griseofulvin ကိုတော့ အများဆုံး ညွန်ကြားတာ တွေ့ရပါတယ်။
●    ပွေးရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ဖို့ ရောဂါရှိသူရဲ့ အဝတ်အစားနဲ့ အသုံးအဆောင်များကို သုံးစွဲခြင်းကို ရှောင်ရှားပါ။ ကလေးများအနေနဲ့လည်း ပွေးကွက်ရှိသော အခြားကလေးများနဲ့ တူတူဆော့ခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ ပွေးကွက်တွေများလာခြင်း၊ မပျောက်ဘဲ ကြာနေခြင်းတို့ရှိပါက မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ကြောင်း အကြံပေး တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)