ပွေးရောဂါ၏ ရောဂါလက္ခဏာများ
အများအားဖြင့် ပွေးပေါက်တဲ့နေရာမှာ အရေပြားဟာနီရဲပြီး အက်ကွဲကာ အဖတ်များကွာနေကာ အလွန်ပင်ယားပါတယ်။ အထူးသဖြင့် ခြေထောက်တွေမှာဆိုရင် ပွေးကွက်တွေကနေ အရည်ကြည်ဖုတွေဖြစ်နိုင်ပါတယ်။
♦ ခန္ဓာကိုယ်မှာ ပွေးရောဂါဖြစ်ပါက ခံစားရနိုင်တဲ့ရောဂါလက္ခဏာတွေကတော့ -
- ရင်ဘတ်၊ အစာအိမ်၊ လက်မောင်း၊ ခြေသလုံး (သို့) ကျောဘက်တွင် ဖြစ်ပွားခြင်း
- ပွေးကွက်အနားစွန်းတွေဟာ နီ၍အကြေးခွံကဲ့သို့ဖြစ်နေခြင်း (သို့) စိုစွတ်၍ ပတ်ကြားအက်နေခြင်း၊ ပွေးကွက်အတွင်းမှာ အရည်ကြည်ဖုအသေးလေးတွေ တွေ့ရတတ်ပြီး အလည်ပိုင်းနေရာမှာ လက်စွတ်သဏ္႑ာန်ဖြစ်၍ ကြည်လင်နေခြင်း (သို့) အနီရောင်အဖုများစုပြုံနေခြင်း
- စက်ဝိုင်းပုံစံအပြားကြီးတစ်ခုဖြစ်နေခြင်း
♦ မျက်နှာတွင် ပွေးရောဂါဖြစ်ပါက ခံစားရနိုင်တဲ့ရောဂါလက္ခတွေကတော့ -
- မျက်နှာ၊ နားရွက်တို့တွင်ဖြစ်ပွားခြင်း
- အနားသတ်မျဉ်းမထင်ရှားခြင်း
- နေရောင်ထဲတွင် ပိုမိုဆိုးရွားခြင်း
♦ ပေါင်ခြံတွင် ပွေးရောဂါဖြစ်ပါက ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ -
- ပေါင်ခြံ၊ ပေါင်းအတွင်းပိုင်း၊ တင်ပါးနှင့် အရေပြားတွန့်ခေါက်နေတဲ့အနေရာတွေမှာ ဖြစ်လေ့ရှိသော်လည်း ဝှေးစေ့နဲ့ ကျားအင်္ဂါတို့မှာမူ တွေ့ရလေ့မရှိပေ။
- အလွန်ပင်ထင်ရှားတဲ့ အနားသတ်တွေရှိကာ အကြေးခွံကဲ့သို့ဖြစ်နေနိုင်ခြင်း (သို့) အရည်ကြည်ဖုနှင့်တူသော အဖုငယ်များစွာရှိခြင်း
- အလယ်ဗဟိုတွင် နီညိုရောင်ဖြစ်နေခြင်း
မကြာခဏဆိုသလို ပွေးရောဂါနဲ့ မှိုရောဂါစွဲကပ်ခြင်း (althlete’s foot) တို့ဟာ တစ်ပြိုင်နက်ဖြစ်တတ်ပါတယ်။
♦ လက်တွင်ပွေးရောဂါဖြစ်ပါက ခံစားရနိုင်တဲ့ရောဂါလက္ခဏာတွေကတော့ -
- လက်ဖဝါးဖြစ်ပါက နှင်းခူရောဂါနှင့် မှားယွင်းနိုင်ခြင်း
- လက်ဖဝါးတွင် ဖြစ်ပွားပါက ပွေးကွက်သည်အကြေးခွံကဲ့သို့ထူ၍ ခြောက်သွေ့ကာ မှိုရောဂါနှင့် ဆင်တူပြီး လက်ချောင်းကြားမှာရှိတဲ့ အရေပြားကတော့ စိုစွတ်၍ အနာတွေဖြစ်နေနိုင်ပါတယ်။
- လက်ဖဝါးတွင်ဖြစ်ပါက နီရဲ၍ အဖတ်အဖတ်တွေဖြစ်ကာ အနားသတ်မှာတော့ အရည်ကြည်ဖုတွေရှိတတ်ပါတယ်။
ပွေးရောဂါဟာ လက်သည်းခွံတွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ ထို့ပြင် ပွေးရောဂါကို ဆင်တူတဲ့ရောဂါလက္ခဏာတွေရှိတဲ့ နှင်းခူရောဂါနဲ့ ဆိုရီရေးဆစ်အရေပြားနာရောဂါတို့နဲ့လည်း မှားယွင်းတတ်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)





























