/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖရုံစေ့က-ပေးစွမ်းသော-ကျန်းမာရေး-အကျိုးကျေးဇူးများ

ဖရုံစေ့က ပေးစွမ်းသော ကျန်းမာရေး အကျိုးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    မဂ္ဂနီဆီယမ်အစွမ်း

          ဖရုံသီးမှာ မဂ္ဂနီဆီယမ်ဓာတ် အလွန်ပေါကြွယ်ဝပါတယ်။ ဒီမဂ္ဂနီဆီယမ်ဓာတ်က စားလိုက်တဲ့ အစာအစားတွေရဲ့ဇီဝကမ္မဖြစ်စဉ်၊ အဆီဓာတ်နဲ့ အသားဓာတ်များ ပြုလုပ်ခြင်းစတဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အင်ဇိုင်းလုပ်ဆောင်ချက် ၃၀၀ ကျော်လောက်အတွက် အရေးကြီးတဲ့အခန်းကဏ္႑က ပါဝင်ပါတယ်။ နောက်တစ်ခုကတော့ မဂ္ဂနီဆီယမ်က ကြွက်သားတွေ မှန်ကန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် အသက်တမျှ အရေးကြီးပါတယ်။

          အထူးသဖြင့် အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့ခြင်းက အင်ဆူလင်ကိုခုခံခြင်း၊ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါလက္ခဏာစု၊ နှလုံးသွေးကြောရောဂါနဲ့ အရိုးပွခြင်းစတဲ့ ရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

 

>>    အရိုးကျန်းမာရေး

          အရိုးဖြစ်တည်ခြင်းမှာလည်း မဂ္ဂနီဆီယမ်ဓာတ်က အရေးပါပါတယ်။ မဂ္ဂနီဆီယမ် များများစားရင် အရိုးသိပ်သည်းဆများပြီး သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ အရိုးပွခြင်းဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

 

>>    ဆီးချိုရောဂါ

          တစ်နေ့ကို မဂ္ဂနီဆီယမ် 100mg တိုးစားတိုင်း အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေ ၁၅% လျော့ကျစေပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်နည်းခြင်းက အင်ဆူလင်စစ်ထုတ်မှုကိုက ပြောင်းကပြန်ဖြစ်စေပြီး အင်ဆူလင်ခံနိုင်မှုကို လျော့နည်းစေပါတယ်။

 

>>    နှလုံးကျန်းမာရေး

          တစ်နေ့ကို မဂ္ဂနီဆီယမ် 365 mg စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အဆီတွေကို အကောင်းဘက်ကို တိုးတက်လာစေပါတယ်။

 

>>    နှလုံးနှင့် အသည်း ကျန်းမာရေး

          ဖရုံစေ့မှာ omega-3, omega-6 fatty acids, အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝတဲ့အတွက် ကိုလက်စရောပမာဏကို ကျစေပြီး နှလုံးနဲ့ အသည်းအတွက် ကောင်းပါတယ်။

 

>>    အိပ်မပျော်ခြင်းကို ကာကွယ်နိုင်တယ်

          ဖရုံစေ့က နာတာရှည် အိပ်မပျော်တဲ့ရောဂါတွေကို ကုသရာမှာသုံးတဲ့ tryptophan ဆိုတဲ့ ဓာတ်တစ်မျိုးရဲ့ အရင်းအမြစ်လည်းဖြစ်ပါတယ်။ အိပ်ရာမဝင်မီမှာ ဖရုံစေ့အနည်းငယ်ကို အသီးအနည်းငယ်နဲ့ တွဲဖက်စားသုံးပါက melatonin ထုတ်လုပ်မှုကို အားပေးပြီး အိပ်ပျော်စေပါတယ်။

 

>>    ကိုယ်ဝန်ဆောင်

          ဖရုံစေ့ အောင်စဝက်မှာ ကိုယ်ဝန်ဆောင်တွေအတွက် အရေးပါတဲ့သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဇင့် 1.1mg ပါဝင်ပါတယ်။

 

>>    သတိပြုရမည့်အချက်များ

          ဖရုံစေ့မှာ အဆီပါဝင်မှုများတဲ့အတွက် အချဉ်ပေါက်နိုင်ချေ များပါတယ်။ ဒါကြောင့် ဖရုံစေ့ကို အေးမြခြောက်သွေ့ပြီး မှောင်တဲ့နေရာမှာထားပါ။ မှန်ကန်စွာ စနစ်တကျ သိမ်းဆည်းပါက ၃-၄ လလောက် ခံပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)