/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗိုက်ကယ်စေတဲ့-အကြောင်းရင်းများ

ဗိုက်ကယ်စေတဲ့ အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.   အစားစားတာအရမ်းမြန်လွန်းခြင်း

        အစာစားမြန်လွန်းခြင်းကြောင့် အစာရေမြိုပြွန်က ဆန်တက်လာတဲ့လေတွေကို မြိုချလိုက်သလိုဖြစ်စေပြီး ၎င်းလေတွေက ၀မ်းဗိုက်အတွင်းဖောင်းပွမှုကို ဖြစ်စေကာအစာခြေဖျက်နှုန်းနှေးစေပါတယ်။ နယူယောက်မြို့ရှိ အာဟာရဗေဒပညာရှင်ရဲ့အဆိုအရ အစာကိုကြေညက်အောင်ဝါးခြင်းမပြုဘဲ မြိုချလိုက်ခြင်းကြောင့် အစာခဲတွေဟာ အူထဲမှာတည်ရှိနေပြီး အစာတွေကြေစေဖို့စောင့်ဆိုင်းနေရတယ်လို့ သိရှိရပါတယ်။ ယင်းသို့ဖြစ်ခြင်းဟာ အစာခြေဖျက်မှုလုပ်ငန်းစဉ်ကိုကျဆင်းစေပြီး နောက်ပိုင်းမှာစားလိုက်တဲ့ အစာပမာဏထက်ပိုပြီး အစာချေဖျက်ချိန်ကြာမြင့်သွားကာလေများဖြင့်သာပြည့်နှက်လာပြီး ၀မ်းဗိုက်ကို ဖောင်းကားလာစေနိုင်ပါတယ်။ ဒါကြောင့် ထမင်းစားချိန် နာရီ၀က်လောက်ပေးသင့်ပါတယ်။

 

2.   ဆော်ဒါသောက်လွန်းခြင်း

        Diet Soda တွေဟာ Artificial Sweetener များဖြင့်ပြုလုပ်ထားသောအချိုတုဖြစ်ပါတယ်။ ယင်းအချိုတုတွေကို ခန္ဓာကိုယ်ကချေဖျက်ခြင်းမပြုနိုင်ဘဲ ၀မ်းဗိုက်ကိုဖောင်းကားလာစေနိုင်ပါတယ်။ ဒါကြောင့် ဆိုဒါသောက်သုံးမှုကို လျှော့ချပါ။

 

3.   ကြာရှည်ခံအစားအသောက်များကိုစွဲလမ်းခြင်း

        အသင့်စားသုံးရန်ပြုပြင်ထုတ်ပိုးထားသော အစားအစာတွေမှာ ဆိုဒီယမ်ပါ၀င်မှုများပြီး တာရှည်ခံဆေးတွေနဲ့ ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။ ဆိုဒီယမ် စားသုံးမှုလွန်ကဲခြင်းဟာ ကျန်းမာရေးကိုများစွာ ထိခိုက်စေနိုင်ပြီး ဗိုက်ပူလာစေနိုင်ပါတယ်။ ဒါကြောင့် အသင့်စားအစားအစာတွေအစား အမျှင်ဓာတ်ကြွယ်၀စွာ ပါ၀င်တဲ့ သစ်သီး၀လံများ၊ အစေ့အဆန်များနဲ့ ဟင်းသီးဟင်းရွက်များကိုသာ ရွေးချယ်စားသုံးပေးသင့်ပါတယ်။

 

4.   အိပ်ချိန်နှင့် နီးကပ်စွာအစာစားခြင်း

        အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့စွမ်းအင်ထုတ်လုပ်အသုံးချမှုဟာ နိုးထနေချိန်ထက် လျော့ပါတယ်။ ဒါကြောင့် အိပ်ခါနီး 2-3 နာရီအတွင်း အစာစားပါက အစာခြေဖျက်နိုင်စွမ်းကို အတားအဆီးဖြစ်စေနိုင်ကာ ၀မ်းဗိုက်အရွယ်အစားကို တဖြည်းဖြည်းနဲ့ သိသိသာသာကြီးလာစေနိုင်ပါတယ်။

 

5.   အစားအစာဓာတ်မတည့်ခြင်း

        အစာတစ်မျိုးမျိုးနဲ့ဓာတ်မတဲ့ပါက အဆိုပါအစာကိုစားသုံးခြင်းဟာ ၀မ်းဗိုက်ကို ဖောင်းကားစေနိုင်ပါတယ်။ ဥပမာ- ဂျုံနှင့်ဓာတ်မတည့်သူများအနေနဲ့ ဂျုံနဲ့လုပ်ထားတဲ့အစားအသောက်တစ်မျိုးမျိုးကို စားလိုက်ပါက အစာခြေဖျက်နိုင်စွမ်း လျော့ကျသွားပြီး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါတွေနဲ့ ကြုံတွေ့ရစေနိုင်ပါတယ်။ ဒါကြောင့် မိမိနှင့် ဓာတ်မတည့်သောအစာကိုမှတ်သား ပြီးရှောင်ကျဉ်စားသောက်ခြင်း၊ ဆရာ၀န်နဲ့ပြသခြင်းတို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။

Cho Thet (www.drmyanmar.com)