ဗိုက်ထဲမှာလေတွေများနေလား
ဗိုက်ထဲမှာ လေပွချင်သလိုခံစားနေရပါသလား။ စားပြီးတိုင်းမအီမသာ
ဗိုက်အောင့်ဗိုက်တင်းဗိုက်နာခံစားနေရပါသလား။ တချို့အရာတွေကြောင့်ဗိုက်ထဲကို လေများများမျိုချမိစေပါတယ်။
♦ မကြာခဏလေတက်မယ်။ စားသောက်ပြီးတိုင်း တဂေ့ဂေ့နဲ့လေတက်မယ်ဆိုရင်ကိုယ်စားတာသိပ်မြန်တဲ့အတွက် အလောတကြီး စားလိုက်တဲ့အတွက် အစာအိမ်ထဲကိုလေတွေရောက်နေတာကိုပြသပါတယ်။
♦ တရက်ကို အခါနှစ်ဆယ်လောက်လေလည်တာကပုံမှန်ပါပဲတဲ့။
♦ လေပွတာက ဗိုက်တနေရာတည်းသို့မဟုတ် တပြင်လုံးတင်းပြီးအင့်အင့်ကြီးခံစားနေရတာဖြစ်ပါတယ်။
♦ ဗိုက်တင်းရုံတင်မဟုတ် နာပါနာလာတတ်ပါတယ်။
ဆရာဝန်ကိုဘယ်အချိန်မှာတိုင်ပင်သင့်သလဲ
♦ ဗိုက်တင်းတာသိပ်ဆိုးပြီးနေရထိုင်ရခက်ရင်
♦ ဗိုက်တင်းတာကနေ ရုတ်တရက် နာကျင်လာရင်
♦ ဝမ်းချုပ်တာ ဝမ်းလျှောတာ ပိန်ကျသွားတာတွေရှိတဲ့အခါ
Kremil-S 1
လေပွစေတဲ့အစားအစာတွေက
♦ မှို
♦ ပဲအမျိူးမျိူး
♦ ဘရိုကိုလီ
♦ ပန်းဂေါ်ဖီ
♦ ဂေါ်ဖီထုပ်
♦ ကြက်သွန်နီ
♦ ပန်းသီးသစ်တော်သီး
♦ ဂျုံမှုန့်
♦ ဒိန်ခဲ ဒိန်ချဉ်
♦ ရေခဲမုန့်
♦ ပေါင်မုန်ဖြူ
♦ အချဉ်ရည်
သောက်စရာဆိုရင် ပန်းသီးဖျော်ရည်နဲ့သစ်တော်သီးရည်တွေက လေပွစေပါတယ်။ နွားနို့နဲ့အသီးအစစ်ဖျော်ရည်တွေကလည်း လေပွစေပါတယ်။
ပီကယ်ဝါးတာ ဂတ်စ်ပါတဲ့အချိုရည်တွေသောက်သုံးတာ သိပ်မြန်မြန်စားတာမြန်မြန်မော့ချတာ သောက်တာ
တုတ်ထိုးချိုချဉ်စုပ်တာ ကိုယ်နဲ့အံမကိုက်တဲ့သွားတုတွေ တပ်ထားမိတာတွေကြောင့်လည်းလေပွတတ်ပါတယ်။
ဗိုက်ထဲမှာ လေတွေများနေရခြင်းရဲ့အကြောင်းရင်းက
♦ အူသိမ်ထဲမှာ
♦ ဘက်တီးရီးယားတွေများနေခြင်း
♦ ကိုယ်ခံအားလွန်အူလမ်းကြောင်းရောဂါ
♦ ရင်ပူနာတွေဖြစ်ပါတယ်။
ကစီဓာတ်ကိုမချေဖျက်နိုင်တဲ့အကြောင်းရင်းတွေထဲမှာ
♦ လက်တို့စ်ဓာတ်နှင့်ဓာတ်မတညိ့ခြင်း
♦ ဖရက်တို့်စ်အချိုဓာတ်နှင့်ဓာတ်မတည့်ခြင်း
♦ ဂျုံနဲ့ဓာတ်မတည့်တဲ့ရောဂါတွေပါ၀င်ပြီး မကြာခဏလေပွလေတက်နေတတ်ပါတယ်။
ဒါ့ပြင် အရေးကြီးအကြောင်းအရာတွေဖြစ်တဲ့ အူပိတ်တာ ကင်ဆာရောဂါ သားဥအိမ်ကင်ဆာ တွေကြောင့်လည်း ဗိုက်ထဲမှာလေတွေပွ လေတွေများနေတတ်ပါသေးတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Kremil-S 2
(Unicode)






























