ဗိုက်ဖောင်းဖောင်းကြီးထဲမှာ ဘာတွေရှိနေလဲ
● အနီးအနားတွင် ဗိုက်ဖောင်းဖောင်းကြီးနှင့်သူတွေကို မြင်တဲ့အခါတိုင်း သူ့ဗိုက်ထဲ ဘာတွေရှိနေပါလိမ့်လို့ စဉ်းစားဖူးကြတယ် မဟုတ်လား။
● ဝမ်းဗိုက်ဖောင်းကားခြင်းဟာဆိုရင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာများကြောင့် ဝမ်းဗိုက်တွင်း ဖိအားမြင့်တက်လာပြီး ဗိုက်တစ်ခုလုံးဟာ သိသိသာသာ ဖောင်းလာရခြင်း ဖြစ်ပါတယ်။
● လေပွခြင်းဟာလည်း ဗိုက်ကြီးဖောင်းနေစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ လေပွခြင်းနှင့် ဗိုက်တင်းကားနေခြင်းကြောင့် ဗိုက်နာခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။
>> ဝမ်းဗိုက်ဖောင်းကားခြင်းကို ဖြစ်ပေါ်စေတဲ့အချက်တွေကတော့ -
(၁) အူထဲတွင် လေများ ဖောင်းပွခြင်း
အူထဲရှိ အစာဟောင်းများ အချဉ်ပေါက်ခြင်းက ဖြစ်ပေါ်လာတဲ့ ဂတ်စ်တွေဟာ ဗိုက်ကိုဖောင်းစေတဲ့ အဓိကအရာတွေပါပဲ။
(၂) အူထဲတွင် ရေများနေခြင်း
(၃) အူမကြီးတွင် အညစ်အကြေးများ ပြည့်နေခြင်း
(၄) အချို့သောသူများတွင် ဝမ်းအိမ်ရဲ့ ကျူံ့နိုင်စွမ်း နည်းပါးသောကြောင့် ဝမ်းချုပ်ရုံဖြင့် ဗိုက်ဖောင်းလာခြင်း
(၅) ရင်ဝမ်းခြားကြွက်သား ကျူံ့ခြင်း
(၆) တင်ပဆုံကြမ်းခင်းကြွက်သားများ အားနည်းခြင်း
(၇) လေကို အများအပြား ရှူရှိုက်စေသော ရောဂါရှိခြင်း
(၈) အစာအိမ်နှင့်အူကြွက်သားများ လှုပ်ရှားမှုနည်းသောရောဂါ
(၉) စိတ်ဖိစီးမှုနှင့် ပူပင်သောကများခြင်း
(၁၀) အူူသိမ်ထဲတွင် ဘက်တီးရီးယားများ အများအပြားပေါက်ဖွားခြင်းတို့ပဲ ဖြစ်ပါတယ်။
ဗိုက်ဖောင်းခြင်းပြဿနာ ရင်ဆိုင်နေရသူများအနေနှင့် အထက်ပါအချက်များ ရှိ၊ မရှိ မိမိကိုယ်ကို ဆန်းစစ်ပြီး ဆရာဝန်နှင့်ပြသပြီး လိုအပ်တဲ့ကုသမှုကို ခံယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ထို့ပြင် အသီးအရွက်နှင့် သစ်သီးများများစားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ ရေများများသောက်ခြင်း၊ စိတ်ဖိစီးမှု လျော့ကျအောင် နေထိုင်ခြင်းတို့ကိုလည်း ပြုလုပ်ကြဖို့ မမေ့နှင့်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























