/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗိုက်အင့်ခြင်း-သို့-မအီမသာဖြစ်ခြင်း

ဗိုက်အင့်ခြင်း (သို့) မအီမသာဖြစ်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. အစာမကြေခြင်း

အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်မညီမျှခြင်းကြောင့်အစာမကြေဖြစ်လေ့ရှိပါတယ်။ အစာမကြေတာက လေတက်ခြင်း၊ ရင်ပူခြင်း၊ အစာအိမ်ထဲမှာပြည့်နေသလိုခံစားရငြခ်း စတာတွေနဲ့ တွဲပြီးဖြစ်လေ့ရှိပါတယ်။

အစာမကြေဖြစ်တဲ့အခါမှာ အက်ဆစ်ဓာတ်ပါတဲ့အစားအစာတွေမစားခြင်း၊ famotidine, cimetidine (Tagamet), ranitidine (Zantac) စတဲ့ဆေးတွေသောက်ပေးခြင်းဖြင့်သက်သာစေနိုင်ပါတယ်။

2. ဝမ်းချုပ်ခြင်း

ဗိုက်ထဲမှာလေးနေတာက ဝမ်းချုပ်နေလို့လည်းဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်တာကတော့ -

• ရေဓာတ်ခမ်းခြောက်ခြင်း

• အမျှင်ဓာတ်မရှိခြင်း

• ထိခိုက်ဒဏ်ရာရခြင်း

• ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

• စိတ်ဖိစီးမှု စတာတွေနဲ့ဆက်စပ်နေနိုင်ပါတယ်။

ဝမ်းချုပ်တာကို Benefiber, Colace, Dulcolax, Metamucil, MiraLAX, Phillips’ Milk of Magnesia, Senokot, Surfak စတဲ့ဆေးတွေနဲ့ သက်သာစေနိုင်ပါတယ်။

Kremil-S 1

3. အစားများသွားခြင်း

အစားလွန်သွားတဲ့အခါမှာလည်း ဗိုက်ကြီးလေးနေတတ်ပါတယ်။ ဒါကတော့ စားလိုက်တဲ့အစာတွေဆန့်အောင်လို့ အစာအိမ်က ဆွဲဆန့်ထားရလို့ပါ။ ဒါကတော့ အချိန်ကြာလာရင် သူ့ဟာသူပြန်ပြီးသက်သာသွားပါလိမ့်မယ်။ ဒီလိုမဖြစ်အောင်ဆိုရင် အများကြီးမစားမိအောင်ထိန်းချုပ်ဖို့လိုပါတယ်။

4. စိတ်ဖိစီးမှု

စိတ်ဖိစီးမှုကြောင့်ခန္ဓာကိုယ်မှာတုန့်ပြန်မှုတော်တော်များများကိုဖြစ်စေပါတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုတွေရှိရင် (သို့) စိတ်ဖိစီးမှုတွေရှိရင် အစာအိမ်မှာလာပြီးတော့လေးလံနေတတ်ပါတယ်။ ဒီတော့ စိတ်ဖိစီးမှုတွေများနေပြီဆိုရင် အောက်ပါနည်းလမ်းတွေသုံးပြီးတော့ သက်သာရာရအောင်ကြိုးစားပါ။

• အသက်ရှူလေ့ကျင့်ခန်း

• ၁၀ အထိရေတွက်ခြင်း

• မျက်လုံးပိတ်ထားခြင်း

• လက်ထိပလေးတွေကိုထိပေးခြင်း

5. ရာသီမလာခင်မှာခံစားရတတ်တဲ့ရောဂါလက္ခဏာစု

အမျိုးသမီးတွေမှာဆိုရင် ရာသီမလာခင်မှာခံစားရတဲ့လက္ခဏာလေးတွေရှိပါတယ်။ ဒီထဲမှာမှ တစ်ချို့က အစာအိမ်လေးတာ၊ ဗိုက်ရစ်ပြီးနာတာတွေခံစားရတတ်ပါတယ်။ ဒီလက္ခဏာတွေခံစားရတာအရမ်းဆိုးရင်တော့ ဆရာဝန်ပြသပါ။

Kremil-S 2

6. ကိုယ်ဝန်ဆောင်

သနေ္ဓသားလေးကြီးလာတာနဲ့အမျှ အစာအိမ်ထဲမှာလည်းဖိထားသလိုခံစားရစေပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခန္ဓာကိုယ်ထဲမှာတုန့်ပြန်မှုတွေအများကြီးရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်ခြင်းလိုမျိုးတွေလည်းခံစားရနိုင်ပါတယ်။

♦ ပိုပြီးပြင်းထန်တဲ့အကြောင်းအရင်းတွေ

7. အူရောင်ရောဂါ

ဒါကတော့ နာတာရှည်ရောဂါဖြစ်ပြီးတော့ ပျောက်အောင်ကုလို့မရပေမယ့်လည်း ဆေးတွေသောက်ပြီးတော့သက်သာအောင်လုပ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ -

• အစာအိမ်အောင့်ခြင်း

• သွေးဝမ်းသွားခြင်း

• ပင်ပန်းနွမ်းနယ်ခြင်း

• ကိုယ်အလေးချိန်ကျခြင်း

• ကိုယ်ပူခြင်း

8. ပန်ကရိယ(မုန့်ချိုအိတ်)ရောင်ခြင်း

ဒါကတော့ နာတာရှည်ဖြစ်နိုင်သလို ယာယီလည်းဖြစ်နိုင်ပါတယ်။ အောက်ပါလက္ခဏာတွေခံစားရနိုင်ပါတယ်။

• ဝမ်းဗိုက်အပေါ်ပိုင်း (သို့) အစာအိမ်ပြင်းထန်စွာအောင့်ခြင်း

• ဝမ်းပျက်ဝမ်းလျှောခြင်း

• ကိုယ်ပူခြင်း

• ချမ်းတုန်ခြင်း

• ပျို့ခြင်း

9. အူကျခြင်း

အလေးတွေမတာ၊ ပြင်းထန်တဲ့အလုပ်တွေ၊ အစာအိမ်ထဲမှာဖိအားတွေများရင် အူကျတတ်ပါတယ်။ အူကျလို့ နာလာရင်တော့ ခွဲစိတ်ကုသဖို့လိုပါတယ်။

10. အစာအဆိပ်သင့်ခြင်း

အစာအဆိပ်သင့်တဲ့အခါမှာ အောက်ပါလက္ခဏာတွေကိုခံစားရနိုင်ပါတယ်။

• ဝမ်းပျက်ဝမ်းလျှောခြင်း

• အန်ခြင်း

• ဗိုက်နာခြင်း

• အစာအိမ်နာခြင်း

ရောဂါလက္ခဏာတွေက ရက်အနည်းငယ်ကြာလို့မှမသက်သာဘဲ ဆက်ရှိနေတယ်ဆိုရင်တော့ ဆေးခန်းပြဖို့လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)




















5. ရာသီမလာခငျမှာခံစားရတတျတဲ့ရောဂါလက်ခဏာစု






















အစာအဆိပျသင့ျတဲ့အခါမှာ အောကျပါလက်ခဏာတှကေိုခံစားရနိုငျပါတယျ။






Dr. Mya Myo Myo Swe (www.drmyanmar.com)