/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗိုက်-ဘာကြောင့်-နာရတယ်

ဗိုက် ဘာကြောင့် နာရတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဗိုက်မနာဘူးသူရယ်လို့ မရှိကြဘူးနော်။ ဗိုက်နာတာက အစားလွန်တာ၊ လေပွတာ အစာမကြေတာအပြင် အစာ အဆိပ်သင့်တာ အန်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ သိပ်မဆိုးတဲ့ ဗိုက်အောင့်တာတွေက နှစ်နာရီအတွင်းဖြစ်ပြီး ပျောက်သွားလေ့ရှိပါတယ်။

          ဗိုက်နာတဲ့အခါ ဘာတွေကြောင့်ဖြစ်နိုင်မလဲ စဉ်းစားကြဖို့ အကြောင်းလေးတွေ တင်ပြပေးလိုက်ပါတယ်။

 

>>    ညာဘက်ဗိုက် အပေါ်ပိုင်းအောင့်တဲ့အခါ ဒါလေးတွေ ဖြစ်တတ်ပါတယ်။

●        သည်းခြေကျောက်တည်ခြင်း

●        သည်းခြေအိတ်ရောင်ခြင်း

●        အစာအိမ်နာခြင်း

●        အသည်းရောင်ခြင်း

 

>>    ချက်အထက်ပိုင်း အလယ်တည့်တည့်မှာ နာတဲ့အခါ ဒါလေးတွေဖြစ်တတ်တာ မမေ့စေချင်ပါဘူး။

●        ရင်ပူခြင်း

●        အစာမကြေခြင်း

●        အူကျွံခြင်း

●        အစာအိမ်ရောင်ခြင်း

●        အသည်းရောင်ခြင်း

 

>>    ဘယ်ဘက်အထက်ပိုင်း အောင့်တဲ့အခါ ဒီလိုလေးတွေကြောင့် ဖြစ်တတ်ပါတယ်။

●        အစာမကြေခြင်း

●        အစာအိမ်ရောင်ခြင်း

●        အစာအိမ် အနာပေါက်ခြင်း

●        မုန်ချိုအိတ် ပန်ကရိယရောင်ခြင်း

 

>>    ညာဘက်ဗိုက်ဘေးဘက် နာတဲ့အခါ ဖြစ်တဲ့အခြေအနေတွေကတော့ ဒီလိုတွေပါ။

●        ကျောက်ကပ်ကျောက်တည်ခြင်း

●        ကျောက်ကပ်ပိုးဝင်ခြင်း

●        အူရောင်နာ

●        ဝမ်းချုပ်ခြင်း

 

>>    ချက်ပတ်ပတ်လည်မှာ နာရင်တော့ အောက်ပါအတိုင်း တွေးကြည့်လိုက်ပါတဲ့။

●        ချက်မှ အူကျွံခြင်း

●        အူအတက်ရောင်ရောဂါ

●        အစာအိမ်အနာ

●        အူရောင်နာ

●        ပန်ကရိယရောင်ခြင်း

 

>>    ဘယ်ဘက်ဘေးဘက်နာရင်တော့ ဒီအကြောင်းအရာလေးတွေ ဖြစ်နေတတ်ပါတယ်။

●        ကျောက်ကပ် ကျောက်တည်ရောဂါ

●        ကျောက်ကပ်ရောင်တာ

●        အူရောင်ခြင်း

●        ဝမ်းချုပ်ခြင်း

 

>>    ဝမ်းဗိုက်အောက်ပိုင်း ညာဘက်ဘေး နာတဲ့အခါ ...

●        အူအတက်ရောင်နာ

●        အူရောင်နာ

●        ဝမ်းချုပ်ခြင်း

●        သားဥအိမ်ရောင်ခြင်းတွေ ဖြစ်တတ်ပါတယ်။

 

>>    ချက်အောက်ပိုင်း ဆီးခုံနေရာ အောင့်ရင်တော့ ...

●        ဆီးအိမ်ပိုးဝင်ခြင်း

●        ဆီးကျိတ်ရောင်ခြင်း

●        အူရောင်နာ

●        အူကျွံခြင်း

●        အမျိုးသမီးဆိုင်ရာရောဂါများ (သားအိမ်၊ သားဥအိမ်၊ သားဥပြွန်) တွေ ဖြစ်တတ်ပါတယ်။

 

>>    ဝမ်းဗိုက်အောက်ပိုင်း ဘယ်ဘက်ဘေး နာတဲ့အခါ ...

●        ဝမ်းချုပ်ခြင်း

●        အူရောင်နာ

●        အမျိုးသမီးရောဂါများ (သားအိမ်၊ သားဥအိမ်၊ သားဥပြွန်)

●        အူကျွံနာတွေ ဖြစ်တတ်တာပါ။

 

>>    ဒီလိုတွေ ခံစားရရင်တော့ ဆေးရုံ ချက်ချင်းပြသဖို့ လိုပါတယ်နော်။

●        ပြင်းပြင်းထန်ထန် ရုတ်တရက် အောင့်လာတာ

●        ရင်ဘတ်၊ လည်ပင်းနဲ့ ပခုံးတွေအောင့်တာ

●        သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း

●        ဗိုက်က အထိမခံနိုင်အောင် နာကျင်ခြင်း

●        လှုပ်လိုက်တိုင်း ဗိုက်နာခြင်း

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)