/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗိုင်းရပ်စ်ရောဂါပိုးကြောင့်-အအေးမိဖျားနာခြင်း

ဗိုင်းရပ်စ်ရောဂါပိုးကြောင့် အအေးမိဖျားနာခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            အရွယ်ရောက်ပြီးတဲ့သူတွေမှာ ဖျားနာရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ဗိုင်းရပ်စ်ပိုး ၀င်ရောက်လို့ပဲ ဖြစ်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေကတော့

1. နှာရည်ယိုခြင်း

2. လည်ချောင်းနာခြင်း

3. ချောင်းဆိုးခြင်း

4. အသံအက်ခြင်း

5. ကြွက်သားနာခြင်းတို့ပဲ ဖြစ်ပါတယ်။ ထို့ပြင် ဗိုင်းရပ်စ်ပိုးကြောင့် ၀မ်းလျှော၀မ်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

            အများအားဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဖျားနာခြင်းတွေဟာ အလိုလျောက် ပျောက်ကင်းနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကိုတော့ အဖျားကျဆေး၊ နှာပိတ်ဆေးစတဲ့ ဆေးဝါးများ အကူအညီနဲ့ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။ ၀မ်းလျောခြင်း၊ ပျို့အန်ခြင်းများ ခံစားနေရပါက ရေများများ သောက်ပေးဖို့ လိုပါတယ်။ ဓာတ်ဆားရည်ဟာလည်း ဆုံးရှုံးသွားတဲ့ဒြပ်ပေါင်းတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒီလိုသောက်သုံးရုံဖြင့် မသက်သာပါက ဆေးကုသမှုခံယူရန် လိုအပ်ပါတယ်။ ဗိုင်းရပ်ပိုးကြောင့် ဖျားနာခြင်းဟာ တစ်ပတ်မှ နှစ်ပတ်ခန့်ထိတိုင်အောင် ကြာရှည်တတ်ပါတယ်။

            အအေးမိတုပ်ကွေးဗိုင်းရပ်စ်လို့ လူသိများတဲ့ ဗိုင်းရပ်စ်ဟာ သက်ကြီးရွယ်အိုတွေမှာ ရောဂါပြင်းထန်စေရုံသာမက သေဆုံးမှုအများစုရဲ့ တရားခံလည်းဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းတို့ပဲ ဖြစ်ပါတယ်။ ရာသီအလိုက် အအေးမိတုပ်ကွေး ကာကွယ်ဆေးနဲ့ H1N1 တုပ်ကွေးကာကွယ်ဆေးတို့ကို အလွယ်တကူ ၀ယ်ယူ၍ ရနိုင်တဲ့အပြင် ရောဂါလက္ခဏာတွေ စတင်ခံစားရသည်နှင့် တစ်ပြိုင်နက် ပိုးသတ်ဆေးများကို စတင်သောက်သုံးနိုင်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)