ဗီတာမင်ဘီနဲ့ စိတ်ကျန်းမာရေး
စိတ်ကျန်းမာရေးဆိုတာ ထိန်းချုပ်ဖို့ အလွန်ခက်ခဲပါတယ်။ ဘာလို့ဆို မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ လုပ်ငန်းခွင်နဲ့ နေထိုင်စားသောက်မှုပုံစံ စတဲ့ အကြောင်းအရာမျိုးစုံက လွှမ်းမိုးထားလို့ပါပဲ။ စိတ်ကျန်းမာရေးမကောင်းရင် ကိုယ်ခန္ဓာလည်း ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ထိန်းချုပ်ဖို့ခက်ခဲပေမယ့်လည်း အတတ်နိုင်ဆုံးတော့ စိတ်ကျန်းမာရေးကောင်းအောင် ကြိုးစားပေးသင့်ပါတယ်။ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ကောင်းမွန်အောင် နေထိုင်တာဟာလည်း စိတ်ကျန်းမာရေးကို အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒီလိုစိတ်ခံစားချက်ကောင်းမွန်ဖို့ဆို ဗီတာမင်ဘီအုပ်စုတွေက ကူညီပေးနိုင်ပါတယ်။
2023 Enervon-C IA 1
ဗီတာမင်ဘီအုပ်စုဟာ -
♦ စွမ်းအင်ပမာဏကို မြှင့်တင်ပေးခြင်း
♦ ဦးနှောက်စွမ်းဆောင်ရည်ကို အထောက်အကူပြုခြင်း
♦ စိတ်ခံစားချက်ကို ကောင်းမွန်စေခြင်း
♦ စိတ်ဖိစီးမှုတွေကို လျော့နည်းစေခြင်း
အစရှိတဲ့ အကျိုးကျေးဇူးတွေရှိလို့ စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။
2023 Enervon-C IA 2
ဒါကြောင့် ဗီတာမင်ဘီရရှိဖို့အတွက် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အထူးသဖြင့် အစိမ်းရောင်အရွက်ဖားဖား ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးပါ။ အသား၊ ငါး၊ ဥ၊ နို့နဲ့ အသည်း၊ ကလီစာတွေကိုလည်း မျှမျှတတပါဝင်အောင် စားပေးသင့်ပါတယ်။ ဒါ့အပြင် ဆေးတစ်မျိုးတည်းမှီဝဲရုံနဲ့ ဗီတာမင်ဘီဓာတ်ပေါင်းစုတွေကို ရရှိစေမယ့် Enervon-C လို ဖြည့်စွက်အားဆေးတွေကိုလည်း တစ်နေ့တစ်လုံး သောက်သုံးပေးလို့ ရပါတယ်။