ဗီတာမင် C ရဲ့ အံ့ဖွယ်အစွမ်းတွေ
ဗီတာမင် C ချို့တဲ့နေရင် ထူးထူးဆန်းဆန်းတွေ ခံစားလာရတတ်သတဲ့။ ဘယ်လို ထူးထူးဆန်းဆန်းတွေလဲ သိရအောင်ဖတ်ကြည့်နော်။
● ဗီတာမင် C ချို့တဲ့၊ လိုအပ်နေရင် အချိုပိုစား ဖြစ်လာပါတယ်။ အချိုကို အလိုလိုနေရင်း တောင့်တလာပြီး စိတ်ဓာတ် ကျဆင်းတာနဲ့ ဆက်စပ်လျက်ရှိပါတယ်၊ ဗီတာမင် C ချို့တဲ့နေတာက စိတ်ကျရောဂါတွေ အပြုအမူပိုင်းဆိုင်ရာ အပြောင်းအလဲတွေနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ အလိုလိုနေရင် ဒေါသကြီးနေပြီလား၊ စိတ်ညစ်နေရလား။ ဗီတာမင် C လိုအပ်နေလို့ ဖြစ်နိုင်တယ်နော်။
● ဘရာဇီးက နောက်ထပ်သုတေသနတခုမှာ နှစ်ပတ်ကြာ လေ့လာချက်အရ စိတ်ဖိစီးမှု များနေသူ၊ ဖိအားများနေသူ၊ စိတ်ဆင်းရဲနေသူတွေကို ဗီတာမင် C တိုက်ကျွေးရင် ဦးနှောက် ပြန်လည်လန်းဆန်းလာပြီး စိတ်ဖိစီးမှု လျော့နည်းလာတာကို တွေ့ရပါတယ်။
● စိုးရိမ်သောက များပြားသူတွေမှာ ဗီတာမင် C ဖြည့်စွက်တိုက်ကျွေးလိုက်တဲ့အခါ ဗီတာမင် တိုက်ကျွေးတဲ့အုပ်စုက စိုးရိမ်သောကတွေ စိတ်ညစ်တတ်တာတွေ အများကြီးနည်းသွားပြီး နေကောင်း ကျန်းမာလာကြပါတယ်။
>> ကိုယ် ဘာစားလဲဆိုတာလည်း အရေးပါတဲ့အချက်ပါတဲ့။
♦ အသီးအနှံတွေ သစ်သီးဝလံတွေ အချိုးအစားကျကျ စုံစုံလင်လင်ပါဝင်တဲ့အခါ အာဟာရပြည့်ဝပြီး ကိုယ်ခံအားပါ တက်လာစေပါတယ်။
♦ အသီးဖျော်ရည်တွေဟာ ဗီတာမင် C နဲ့ အာဟာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မြင့်မားစွာ ပါဝင်တာမို့ အချိုးအစားများများ ပါဝင်သင့်ပါတယ်။
♦ ပေါင်မုန့်ဖြူ၊ ခေါက်ဆွဲခြောက်နဲ့ ထမင်းဖြူတွေကို တတ်နိုင်သလောက်နည်းအောင် စားသင့်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Zawgyi)
ဗီတာမင္ C ခ်ိဳ႕တဲ့ေနရင္ ထူးထူးဆန္းဆန္းေတြ ခံစားလာရတတ္သတဲ့။ ဘယ္လို ထူးထူးဆန္းဆန္းေတြလဲ သိရေအာင္ဖတ္ၾကည့္ေနာ္။
● ဗီတာမင္ C ခ်ိဳ႕တဲ့၊ လိုအပ္ေနရင္ အခ်ိဳပိုစား ျဖစ္လာပါတယ္။ အခ်ိဳကို အလိုလိုေနရင္း ေတာင့္တလာၿပီး စိတ္ဓာတ္ က်ဆင္းတာနဲ႔ ဆက္စပ္လ်က္ရွိပါတယ္၊ ဗီတာမင္ C ခ်ိဳ႕တဲ့ေနတာက စိတ္က်ေရာဂါေတြ အျပဳအမူပိုင္းဆိုင္ရာ အေျပာင္းအလဲေတြနဲ႔ ဆက္စပ္ေနတာကို ေတြ႕ရပါတယ္။ အလိုလိုေနရင္ ေဒါသႀကီးေနၿပီလား၊ စိတ္ညစ္ေနရလား။ ဗီတာမင္ C လိုအပ္ေနလို႔ ျဖစ္နိုင္တယ္ေနာ္။
● ဘရာဇီးက ေနာက္ထပ္သုေတသနတခုမွာ ႏွစ္ပတ္ၾကာ ေလ့လာခ်က္အရ စိတ္ဖိစီးမႈ မ်ားေနသူ၊ ဖိအားမ်ားေနသူ၊ စိတ္ဆင္းရဲေနသူေတြကို ဗီတာမင္ C တိုက္ေကၽြးရင္ ဦးေႏွာက္ ျပန္လည္လန္းဆန္းလာၿပီး စိတ္ဖိစီးမႈ ေလ်ာ့နည္းလာတာကို ေတြ႕ရပါတယ္။
● စိုးရိမ္ေသာက မ်ားျပားသူေတြမွာ ဗီတာမင္ C ျဖည့္စြက္တိုက္ေကၽြးလိုက္တဲ့အခါ ဗီတာမင္ တိုက္ေကၽြးတဲ့အုပ္စုက စိုးရိမ္ေသာကေတြ စိတ္ညစ္တတ္တာေတြ အမ်ားႀကီးနည္းသြားၿပီး ေနေကာင္း က်န္းမာလာၾကပါတယ္။
>> ကိုယ္ ဘာစားလဲဆိုတာလည္း အေရးပါတဲ့အခ်က္ပါတဲ့။
♦ အသီးအႏွံေတြ သစ္သီးဝလံေတြ အခ်ိဳးအစားက်က် စုံစုံလင္လင္ပါဝင္တဲ့အခါ အာဟာရျပည့္ဝၿပီး ကိုယ္ခံအားပါ တက္လာေစပါတယ္။
♦ အသီးေဖ်ာ္ရည္ေတြဟာ ဗီတာမင္ C နဲ႔ အာဟာဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ျမင့္မားစြာ ပါဝင္တာမို႔ အခ်ိဳးအစားမ်ားမ်ား ပါဝင္သင့္ပါတယ္။
♦ ေပါင္မုန႔္ျဖဴ၊ ေခါက္ဆြဲေျခာက္နဲ႔ ထမင္းျဖဴေတြကို တတ္နိုင္သေလာက္နည္းေအာင္ စားသင့္ပါတယ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)






























