/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်-c-အကြောင်း-သိထားသင့််သမျှ

ဗီတာမင် C အကြောင်း သိထားသင့််သမျှ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●        ဗီတာမင်ကို အက်စ်ကောဗစ်အက်ဆစ်လို့ ခေါ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ လောက်က  သွားဖုံးသွေးယိုရောဂါတွေကနေ ဆက်နွယ်တွေ့ရှိတာ ဖြစ်ပါတယ်။

●        အရိုး၊ အသား၊ အရွတ်နဲ့ အရေပြား တည်ဆောက်မှုတွေမှာ ပါဝင်တဲ့ ကော်လဂျင်ဓာတ်ဖွဲ့စည်းမှုအတွက် အရေးပါတဲ့ ဗီတာမင်တစ်ခု ဖြစ်ပါတယ်။

●        သံဓာတ်အားဆေးတွေနဲ့ တွဲဖက်သောက်သုံးရင် သံဓာတ်စုပ်ယူမှုအားကောင်းစေပါတယ်။

●        သွေးညှိပေးပြီး သွေးကြောတွေကို ကျန်းမာစေပါတယ်။

●        ဗီတာမင် C ကို ကိုယ့်ဘာသာ မဖွဲ့စည်းနိုင်တဲ့သတ္တဝါတွေထဲမှာ လူသား ပါဝင်ပါတယ်။ တခြားအကောင်တွေက ပူး နဲ့ လင်းနို့တွေပါတဲ့။

Vicee 1

●        ဗီတာမင် C ဖွဲ့စည်းနိုင်တဲ့သတ္တဝါတွေက သူတို့နေသင့်တာထက် အသက် ပိုရှည်ရှည် နေထိုင်သွားကြပါတယ်။

●        အဝါရောင်အသီးတွေမှာ ဗီတာမင် C ပြည့်ဝပါတယ်။ ကီဝီ၊ ဂရိတ်ဖရု၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီးအပွတောင့်၊ လိမေ္မာ်သီးတွေက ထိပ်တန်းဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေပါ။

●        ဆေးလိပ်သောက်လေ ဗီတာမင် C ပိုစွန့်ထုတ်လေ ဖြစ်တဲ့အတွက် ဆေးလိပ်သောက်သူတွေမှာ ဗီတာမင် C ပိုလိုအပ်ပါတယ်။

●        ဆီးချိုရောဂါရှိသူတွေ ဗီတာမင် C မှီဝဲရင် စိတ်ဖိစီးမှုသက်သာသလို သွေးတွင်းသကြားဓာတ်ကိုလည်း ညီမျှစေပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Vicee 2

(Unicode)

