ဗီတာမင် D ချို့တဲ့နိုင်ခြေရှိသူများ
တစ်ချို့လူတွေက ဗီတာမင် D ချို့တဲ့နိုင်ချေပိုများပါတယ်။ အောက်ပါ အမျိုးအစားတွေထဲမှာပါတယ်ဆိုရင် ဗီတာမင် D ပမာဏကိုစစ်ဆေးကြည့်သင့်ပါတယ်။
♦ အသက် ၅၀နှစ်အထက်
အသက်ကြီးလာတဲ့အခါမှာ ကျွနု်ပ်တို့ရဲ့အရေပြားက “နေ”ကနေပြီး ဗီတာမင် D လုပ်ပေးနိုင်စွမ်းမရှိတော့ပါဘူး။ ကျောက်ကပ်တွေကလည်း ခန္ဓာကိုယ်က လိုအပ်တဲ့ဗီတာမင် D ပုံစံကို နည်းနည်းပဲပြောင်းပေးနိုင်ပါတော့တယ်။
♦ အသားမည်းခြင်း
အရေပြားမှာရှိတဲ့ရောင်ခြယ်ပစ္စည်းတွေက သဘာဝနေကာတွေဖြစ်တဲ့အတွက် အသားမဲလေလေ နေနဲ့ထိတွေ့မှုပိုပြီးလိုအပ်လေဖြစ်ပါတယ်။ အာဖရိကန်-အမေရိကန်တွေဆိုရင် လိုအပ်တဲ့ဗီတာမင် D ကိုရရှိဖို့အတွက် အသားဖြူတဲ့လူတွေနဲ့ယှဉ်ရင် နေနဲ့ထိတွေ့ဖို့ ၁၀ ဆပိုလိုအပ်တယ်လို့ ခန့်မှန်းထားပါတယ်။
♦ အဝလွန်ခြင်း
ဗီတာမင် D က အဆီမှာပျော်ဝင်နိုင်ပါတယ်။ ဆိုလိုတာကတော့ ခန္ဓာကိုယ်မှာ အဆီများလေလေ ဗီတာမင် D ပိုပြီးလိုအပ်လေဖြစ်ပါတယ်။
♦ အစာချေပြဿနာရှိခြင်း
အူကနေပြီး အစာထဲက ဗီတာမင် D စုပ်ယူနိုင်စွမ်းကိုထိခိုက်စေတဲ့ အစာချေပြဿနာရှိနေတယ်ဆိုရင် ဗီတာမင် D ချို့တဲ့နိုင်ပါတယ်။ ဥပမာ- Crohn’s disease, cystic fibrosis , Celiac disease
♦ ရာသီဥတုအမျိုးအစား
နေမပူတဲ့ (သို့) နေရောင်ခြည်နည်းနည်းပဲရတဲ့ ရာသီဥတုရှိတဲ့နေရာမှာနေတယ်ဆိုရင် နေရောင်ခြည်ကနေပြီး ဗီတာမင် D လုံလောက်အောင် ရရှိနိုင်မှာမဟုတ်ပါဘူး။
♦ သတ်သတ်လွတ်စားသူများ
အစားအစာကနေပြီးရတဲ့ ဗီတာမင် D ရင်းမြစ်တွေက အများအားဖြင့် တိရိစၧာန်ကနေရတဲ့အစားအစာတွေများပါတယ်။ ဒါ့ကြောင့် သတ်သတ်လွတ်စားသူတွေမှာ ဗီတာမင် D မချို့တဲ့အောင် မှို၊ ပဲနို့၊ လိမေ္မာ်ရည်၊ ဗီတာမင် D ဖြည့်စွက်ထားသော Cereals၊ ပန်းဂေါ်ဖီစိမ်း၊ ဗာဒံစေ့၊ ကုလားပဲ၊ ဗိုလ်စားပဲ၊ ကိုက်လန်၊ သစ်ကြားသီးတို့ကို များများ စားပေးသင့်ပါတယ်။
(Unicode)






























