/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်-d-ချို့တဲ့နေမှန်း-ဘယ်လိုသိနိုင်မလဲ

ဗီတာမင် D ချို့တဲ့နေမှန်း ဘယ်လိုသိနိုင်မလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဗီတာမင် D ချို့တဲ့မှုဟာ ကြွက်သား အားနည်းခြင်း နုံးခွေခြင်း စိတ်ကျရောဂါတွေနဲ့ ဆက်စပ်လျက်ရှိပါတယ်။ ဗီတာမင် D ချို့တဲ့နေတဲ့ ဦးနှောက်ဟာ အလုပ်လုပ်နိုင်စွမ်းကို သိသာစွာ ကျဆင်းစေပါတယ်။

 

>>    ဗီတာမင် D လိုအပ်နေတဲ့ လက္ခဏာတွေ     

●        စိတ်ဂဏှာမငြိမ်ခြင်းဖြစ်ရင် သတိပြုပါ။ ဗီတာမင် D လိုအပ်နေတာ ဖြစ်နိုင်ပါတယ်။

●        အသက်ရလာတာနဲ့အမျှ နေရောင်ခြည် ထိတွေ့တာ၊ ကျောက်ကပ်ကနေ ဗီတာမင် ထုတ်လုပ်တာတွေ ကျဆင်းလာလို့ အမြဲအပြင်ထွက် နေရောင်ခံ (မနက်ပိုင်း နေရောင်ခြည်) လို့ လှုပ်လှုပ်ရှားရှား နေသင့်ပါတယ်။

●        အဝလွန်ရင် ဗီတာမင် D ပိုလိုအပ်တတ်ပါတယ်။

●        အဆီစုပ်ယူနိုင်စွမ်းနှေးတဲ့ အူလမ်းကြောင်းရောဂါ တချို့ကြောင့် အဆီပျော်ဝင် ဗီတာမင်ဖြစ်တဲ့ ဗီတာမင် D ဓာတ်ကို နည်းပါးစေပါတယ်။

●        မကြာခဏ အရိုးနာတာ ကိုက်တာ၊ ခဲတာဖြစ်နေရင် ဗီတာမင် D ချို့တဲ့နေနိုင်ပါတယ်။

●        ခေါင်းချွေးထွက်တာက ဗီတာမင် D  ချို့တဲ့လို့ ဖြစ်နေတတ်ပါတယ်။

>>    ဘယ်လိုလူတွေ ဗီတာမင် D ချို့တဲ့နေတတ်သလဲ?

●        သက်သက်လွတ်စားသူများမှာ အသား၊ ငါးကရတဲ့ ဗီတာမင် D ချို့တဲ့နေနိုင်ပါတယ်။

●        အိမ်ထဲမှာ အနေများသူ၊ နေရောင်ခြည် မခံသူတွေမှာ ဗီတာမင် D ချို့တဲ့နိုင်ပါတယ်။ နေရောင်ခံခြင်းဖြင့် အရေပြားမှာ ဗီတာမင် D  ဖွဲ့စည်းမှု ဖြစ်တည်လာပါတယ်။

●        အသားညိုမည်းသူတွေမှာ အရေပြားမှာ ဗီတာမင် D  ဖွဲ့စည်းမှု အားနည်းနေပါတယ်။

          ဒီ ဗီတာမင် D လို့ခေါ်တဲ့ သက်စောင့်ဓာတ်လေးက ကိုယ်ခံအားစနစ်၊ ဟော်မုန်းထုတ်လုပ်မှုနဲ့ ကြွက်သားအင်အားတွေမှာ တစ်တပ်တစ်အား ပါ၀င်နေပြီး အရေးပါတဲ့ တာ၀န်တွေကို ထမ်းဆောင်ပေးနေပါတယ်။

 

>>    ဗီတာမင် D ချို့တဲ့နေတယ်လို့ထင်ရင် ဘာလုပ်ရမလဲ?

          တကယ်လို့ ဗီတာမင် D ချို့တဲ့တဲ့ လက္ခဏာတွေရှိနေခဲ့ရင် ဆရာ၀န်ဆီ သွားရောက်တိုင်ပင်ပါ။ ဆရာ၀န်က သွေးတွင်းဗီတာမင် D ဓာတ်ကို စစ်ဆေးခိုင်းပြီး ဗီတာမင် D ပါ၀င်တဲ့ ဖြည့်စွက်အားဆေးတွေကို ကိုယ့်ရဲ့ လိုအပ်ချက်နဲ့အညီ သောက်သုံးခိုင်းမှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


>>    ဗီတာမငျ D လိုအပျနတေဲ့ လက်ခဏာတှေ    


