ဗီတာမင် D နှင့် နှလုံးကျန်းမာရေး
The University of Leeds မှ သုတေသီများရဲ့ လေ့လာချက်အရ ဗီတာမင် D ဖြည့်စွက်ဆေးကို ပုံမှန်သုံးစွဲပါက နှလုံး ကောင်းကောင်း အလုပ်မလုပ်သောသူများ (Heart Failure ေ၀ဒနာရှင်များ)တွင် နှလုံး ရဲ့စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန် စေတယ်လို့သိရပါတယ်။
သုတေသီများက Heart Failure ရောဂါခံစားနေရသော အသက် 70 အရွယ် လူကြီး 163 ယောက်ထဲမှ အချို့ကို ဗီတာမင် D ဖြည့်စွက်အားဆေး သောက်သုံးစေပြီး အချို့ကို ဘာအာနိသင်မှမရှိသောဆေးဝါး (Placebo) ကို သောက်သုံးစေကာ တစ်နှစ်ခန့်လေ့လာခဲ့ပါတယ်။ ထို့နောက် Ejection fraction လို့ခေါ်တဲ့ နှလုံးတစ်ကြိမ်ခုန်တိုင်း နှလုံးအခန်းမှ ထုတ်လွှတ်နိုင်တဲ့ သွေး ပမာဏကို တိုင်းတာခဲ့ရာ ဗီတာမင် D အားဆေးမှီ၀ဲထားသူတွေမှာ ယခင်ကထက် 26% မှ 34% ထိ မြင့်တက်နေတာကို တွေ့ရပါတယ်။ ကျန်းမာတဲ့လူတွေမှာ Ejection fraction မှာ 60% နှင့် 70% ကြားမှာရှိလေ့ရှိပြီး နှလုံးအားနည်းနေသူမှာတော့ Ejection fraction ထိုပမဏရဲ့ လေးပုံ တစ်ပုံသာရှိတတ်ပါတယ်။
ဘေးထွက်ဆိုးကျိုးနည်းပြီး အကုန်ကျသက်သာတဲ့နည်းလမ်းဖြစ်တယ် ဆိုပေမယ့် နောက်ထပ်လေ့လာမှုတွေပြုလုပ်ဖို့ လိုအပ်ပြီး Vitamin D ပမာဏများများကို ပုံမှန်မသုံးစွဲသင့်ဘူးလို့ နှလုံးရောဂါအထူးကု Dr Witte က ဆိုပါတယ်။
Dr. Htet Htet Aung






























