/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်-d-ပိုမိုရရှိဖို့-ဘာတွေလုပ်ကြမလဲ

ဗီတာမင် D ပိုမိုရရှိဖို့ ဘာတွေလုပ်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>  ဗီတာမင် D ကို ဘယ်ကရလဲ?
♦  နေရောင်ခြည်မှ
ဒါက ဗီတာမင် D ရရှိစေမယ့် အလွယ်ဆုံးနည်း ဖြစ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် D ပမာဏရရှိစေဖို့ တစ်နေ့ကို နေရောင်ခြည်နဲ့ ၁၀-၃၀ မိနစ်လောက် ထိတွေ့ဖို့လိုပါတယ်။ မျက်နှာနဲ့ လက်တွေသာမကဘဲနဲ့ ခန္ဓာကိုယ်ရဲ့ ၄၀% လောက် နေနဲ့ထိတွေ့ဖို့ လိုပါတယ်။ နေကာခရင်မ်တွေက အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်ပေမယ့် ဒါတွေက ဗီတာမင် D လုံလောက်စွာ ရရှိစေဖို့အတွက်လည်း အဟန့်အတား ဖြစ်စေပါတယ်။
နေရောင်ခြည် သိပ်မရတဲ့နေရာမှာ နေထိုင်သူတွေအတွက် ဗီတာမင် D ရဖို့ နေကိုပဲ အားကိုးနေလို့မရပါဘူး။

♦  အစားအစာများမှ
ဗီတာမင် D ပေးစွမ်းနိုင်တဲ့ အစားအစာရင်းမြစ်က အရမ်းနည်းပါတယ်။ ဒါတွေကတော့ -
*  ကြက်ဥအနှစ်
*  အမဲသား
*  ငါးနှင့် ပင်လယ်စာများ
*  ငါးကြီးဆီ
*  ဗီတာမင် D ထည့်သွင်းပြုလုပ်ထားသော အစားအစာများ - လိမ္မော်ရည်၊ နှံစားပြောင်း၊ ဒိန်ချဉ်၊ နွားနို့၊ ဆိတ်နို့၊ အပင်မှရရှိသောနို့များ

♦  ဗီတာမင် D သောက်ဆေးများ
ဗီတာမင် D ကို နေရောင်ခြည်နဲ့ အစားအစာတွေကနေ လုံလောက်စွာမရရှိပါက ဆေးသောက်ဖို့ လိုပါတယ်။ အရည်အသွေးမြင့်မားတဲ့ ဗီတာမင် D ဆေးပြားတွေကို ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။

Ultra D3 1

>>  ဗီတာမင် D ချို့တဲ့ခြင်း ဖြစ်နိုင်ချေများသူတွေက ဘယ်သူတွေလဲ?
●   အသက် ၅၀ နှစ်အထက် - အသက်ကြီးလာတဲ့အခါမှာ ကျွနု်ပ်တို့ရဲ့အရေပြားက “နေ” ကနေပြီး ဗီတာမင် D ထုတ်လုပ်ပေးနိုင်စွမ်း ကျဆင်းသွားပါတယ်။ ကျောက်ကပ်တွေကလည်း ခန္ဓာကိုယ်က လိုအပ်တဲ့ဗီတာမင် D ပုံစံကို နည်းနည်းပဲ ပြောင်းပေးနိုင်ပါတော့တယ်။
●    အသားမည်းခြင်း - အရေပြားမှာရှိတဲ့ ရောင်ခြယ်ပစ္စည်းတွေက သဘာဝနေကာတွေဖြစ်တဲ့အတွက် အသားမဲလေလေ နေနဲ့ထိတွေ့မှု ပိုပြီးလိုအပ်လေဖြစ်ပါတယ်။ အာဖရိကန်-အမေရိကန်တွေဆိုရင် လိုအပ်တဲ့ ဗီတာမင် D ကို ရရှိဖို့အတွက် အသားဖြူတဲ့လူတွေနဲ့ယှဉ်ရင် နေနဲ့ထိတွေ့ဖို့ ၁၀ ဆ ပိုလိုအပ်တယ်လို့ ခန့်မှန်းထားပါတယ်။
●    အဝလွန်ခြင်း - ဗီတာမင် D က အဆီမှာ ပျော်ဝင်နိုင်ပါတယ်။ ဆိုလိုတာကတော့ ခန္ဓာကိုယ်မှာ အဆီများလေလေ ဗီတာမင် D ပိုပြီးလိုအပ်လေ ဖြစ်ပါတယ်။
●    အစာချေပြဿနာရှိခြင်း - အူကနေပြီး အစာထဲက ဗီတာမင် D စုပ်ယူနိုင်စွမ်းကို ထိခိုက်စေတဲ့ အစာချေပြဿနာရှိတယ်ဆိုရင် ဗီတာမင် D ချို့တဲ့နိုင်ပါတယ်။ ဥပမာ - Crohn’s disease, cystic fibrosis , Celiac disease
●    ရာသီဥတုအမျိုးအစား - နေမပူတဲ့ (သို့) နေရောင်ခြည် နည်းနည်းပဲရတဲ့နေရာမှာ နေထိုင်တဲ့သူတွေဆိုရင် နေရောင်ခြည်ကနေပြီး ဗီတာမင် D လုံလောက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။
●    ဟင်းသီးဟင်းရွက်စားသူများ (သတ်သက်လွတ်) - အစားအစာကနေပြီးရတဲ့ ဗီတာမင် D ရင်းမြစ်တွေက အများအားဖြင့် တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေ များပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Ultra D3 2

(Zawgyi)

>>  ဗီတာမင္ D ကို ဘယ္ကရလဲ?
♦  ေနေရာင္ျခည္မွ
ဒါက ဗီတာမင္ D ရရွိေစမယ့္ အလြယ္ဆုံးနည္း ျဖစ္ပါတယ္။ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ D ပမာဏရရွိေစဖို႔ တစ္ေန႔ကို ေနေရာင္ျခည္နဲ႔ ၁၀-၃၀ မိနစ္ေလာက္ ထိေတြ႕ဖို႔လိုပါတယ္။ မ်က္ႏွာနဲ႔ လက္ေတြသာမကဘဲနဲ႔ ခႏၶာကိုယ္ရဲ႕ ၄၀% ေလာက္ ေနနဲ႔ထိေတြ႕ဖို႔ လိုပါတယ္။ ေနကာခရင္မ္ေတြက အေရျပားကင္ဆာကို ကာကြယ္ေပးႏိုင္ေပမယ့္ ဒါေတြက ဗီတာမင္ D လုံေလာက္စြာ ရရွိေစဖို႔အတြက္လည္း အဟန႔္အတား ျဖစ္ေစပါတယ္။
ေနေရာင္ျခည္ သိပ္မရတဲ့ေနရာမွာ ေနထိုင္သူေတြအတြက္ ဗီတာမင္ D ရဖို႔ ေနကိုပဲ အားကိုးေနလို႔မရပါဘူး။

♦  အစားအစာမ်ားမွ
ဗီတာမင္ D ေပးစြမ္းႏိုင္တဲ့ အစားအစာရင္းျမစ္က အရမ္းနည္းပါတယ္။ ဒါေတြကေတာ့ -
*  ၾကက္ဥအႏွစ္
*  အမဲသား
*  ငါးႏွင့္ ပင္လယ္စာမ်ား
*  ငါးႀကီးဆီ
*  ဗီတာမင္ D ထည့္သြင္းျပဳလုပ္ထားေသာ အစားအစာမ်ား - လိေမၼာ္ရည္၊ ႏွံစားေျပာင္း၊ ဒိန္ခ်ဥ္၊ ႏြားႏို႔၊ ဆိတ္ႏို႔၊ အပင္မွရရွိေသာႏို႔မ်ား

♦  ဗီတာမင္ D ေသာက္ေဆးမ်ား
ဗီတာမင္ D ကို ေနေရာင္ျခည္နဲ႔ အစားအစာေတြကေန လုံေလာက္စြာမရရွိပါက ေဆးေသာက္ဖို႔ လိုပါတယ္။ အရည္အေသြးျမင့္မားတဲ့ ဗီတာမင္ D ေဆးျပားေတြကို ၫႊန္ၾကားခ်က္အတိုင္း ေသာက္သုံးပါ။

>>  ဗီတာမင္ D ခ်ိဳ႕တဲ့ျခင္း ျဖစ္ႏိုင္ေခ်မ်ားသူေတြက ဘယ္သူေတြလဲ?
●   အသက္ ၅၀ ႏွစ္အထက္ - အသက္ႀကီးလာတဲ့အခါမွာ ကြၽႏု္ပ္တို႔ရဲ႕အေရျပားက “ေန” ကေနၿပီး ဗီတာမင္ D ထုတ္လုပ္ေပးႏိုင္စြမ္း က်ဆင္းသြားပါတယ္။ ေက်ာက္ကပ္ေတြကလည္း ခႏၶာကိုယ္က လိုအပ္တဲ့ဗီတာမင္ D ပုံစံကို နည္းနည္းပဲ ေျပာင္းေပးႏိုင္ပါေတာ့တယ္။
●    အသားမည္းျခင္း - အေရျပားမွာရွိတဲ့ ေရာင္ျခယ္ပစၥည္းေတြက သဘာဝေနကာေတြျဖစ္တဲ့အတြက္ အသားမဲေလေလ ေနနဲ႔ထိေတြ႕မႈ ပိုၿပီးလိုအပ္ေလျဖစ္ပါတယ္။ အာဖရိကန္-အေမရိကန္ေတြဆိုရင္ လိုအပ္တဲ့ ဗီတာမင္ D ကို ရရွိဖို႔အတြက္ အသားျဖဴတဲ့လူေတြနဲ႔ယွဥ္ရင္ ေနနဲ႔ထိေတြ႕ဖို႔ ၁၀ ဆ ပိုလိုအပ္တယ္လို႔ ခန႔္မွန္းထားပါတယ္။
●    အဝလြန္ျခင္း - ဗီတာမင္ D က အဆီမွာ ေပ်ာ္ဝင္ႏိုင္ပါတယ္။ ဆိုလိုတာကေတာ့ ခႏၶာကိုယ္မွာ အဆီမ်ားေလေလ ဗီတာမင္ D ပိုၿပီးလိုအပ္ေလ ျဖစ္ပါတယ္။
●    အစာေခ်ျပႆနာရွိျခင္း - အူကေနၿပီး အစာထဲက ဗီတာမင္ D စုပ္ယူႏိုင္စြမ္းကို ထိခိုက္ေစတဲ့ အစာေခ်ျပႆနာရွိတယ္ဆိုရင္ ဗီတာမင္ D ခ်ိဳ႕တဲ့ႏိုင္ပါတယ္။ ဥပမာ - Crohn’s disease, cystic fibrosis , Celiac disease
●    ရာသီဥတုအမ်ိဳးအစား - ေနမပူတဲ့ (သို႔) ေနေရာင္ျခည္ နည္းနည္းပဲရတဲ့ေနရာမွာ ေနထိုင္တဲ့သူေတြဆိုရင္ ေနေရာင္ျခည္ကေနၿပီး ဗီတာမင္ D လုံေလာက္ေအာင္ လုပ္ႏိုင္မွာ မဟုတ္ပါဘူး။
●    ဟင္းသီးဟင္း႐ြက္စားသူမ်ား (သတ္သက္လြတ္) - အစားအစာကေနၿပီးရတဲ့ ဗီတာမင္ D ရင္းျမစ္ေတြက အမ်ားအားျဖင့္ တိရစာၦန္ကေနရတဲ့ အစားအစာေတြ မ်ားပါတယ္။

Dr. Mya Myo Myo Swe (www.drmyanmar.com)