/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘယ်လိုအရာတွေက-သွားကိုအရောင်စွဲစေသလဲ

ဘယ်လိုအရာတွေက သွားကိုအရောင်စွဲစေသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ဆစ်ထရပ်နှင့် အက်ဆစ်ပါဝင်သောအစားအစာများ

          ဆစ်ထရပ်ပါဝင်တဲ့အသီးတွေနဲ့ ခရမ်းချဉ်သီးကဲ့သို့သော အက်ဆစ်ပါဝင်တဲ့အသီးတွေက အာဟာရဓာတ်ပြည့်ဝပေမယ့် သွားရဲ့ကြွေလွှာကိုထိုးဖောက်ဝင်ရောက်ပြီး အရောင်စွဲစေပါတယ်။

2. ကော်ဖီ

         မနက်ခင်းမှာ လန်းဆန်းစေတဲ့ကော်ဖီက သွားအရောင်စွဲစေနိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီက အက်ဆစ်ဓာတ်ဖြစ်တဲ့အတွက် ပါးစပ်အတွင်းမှာ pH ညီမျှမှုကိုပျက်ပြားသွားစေပြီး ကော်ဖီသောက်ပြီးနောက် အက်ဆစ်ပါဝင်တဲ့အစားအစာတွေကို စားမယ်ဆိုရင် သွားကိုပိုမိုမြန်ဆန်စွာပျက်စီးစေနိုင်ပါတယ်။

3. အချိုများ

         ကွတ်ကီးတွေ၊ သကြားလုံးတွေမှာပါဝင်တဲ့ သကြားတွေက သွားမှာကပ်ကျန်ရစ်ပြီး ခံတွင်းထဲရှိဘက်တီးရီးယားပိုးတွေအတွက် အစာတွေဖြစ်သွားပါတယ်။ ဘက်တီးရီးယားတွေက ဒီအချိုတွေကိုစားပြီးနောက်မှာ အက်ဆစ်ဓာတ်တွေကိုထုတ်ပြီး သွားအခေါင်းပေါက်တွေဖြစ်စေပါတယ်။

4. ဆိုဒါ

         သကြားဓာတ်ပါတဲ့အစားအစာတွေလိုပဲ သကြားဓာတ်ပါဝင်တဲ့အချိုရည်တွေကလည်း ဘက်တီးရီးယားပိုးတွေရှင်သန်ပေါက်ဖွားဖို့အတွက် အားပေးပါတယ်။ ကာဗွန်ပါတဲ့အရာတိုင်းက သွားမှာအခေါင်းပေါက်တွေဖြစ်စေတဲ့ အက်ဆစ်ဓာတ်ဖြစ်တဲ့အတွက် ဒီအချိုရည်တွေက တကယ်ကို အန္တရာယ်ရှိပါတယ်။ သကြားမပါတဲ့အချိုရည်တွေလည်းအတူတူပါပဲ။

5. လက်ဖက်ရည်

         ကော်ဖီလိုပဲ လက်ဖက်ရည်ထဲမှာလည်း အရောင်စွဲစေတဲ့ tannins ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် သွားအရောင်စွဲစေပါတယ်။ လက်ဖက်စိမ်းက သွားကိုမီးခိုးရောင်စွဲစေပြီး လက်ဖက်ရည်ကြမ်းကတော့ သွားဝါစေပါတယ်။ လက်ဖက်ရည်အရည်အသွေးမကောင်းရင် အရောင်ပိုစွဲစေပါတယ်။ လက်ဖက်ရည်ထဲကို နို့ထည့်သောက်ရင် အရောင်စွဲတာကိုလျော့နည်းစေနိုင်ပါတယ်။

6. ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနှင့် သလဲသီး

         ဒီအသီးတွေမှာ အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါဝင်သလို ရောင်ခြယ်ပစ္စည်းတွေလည်း ပါဝင်တဲ့အတွက် အရောင်စွဲစေနိုင်ပါတယ်။ အဝတ်တွေကို ဒီအသီးအရောင်တွေစွန်းရင် ချွတ်ရခက်သလို သွားမှာအရောင်စွဲသွားရင်လည်း ဖယ်ရခက်ပါတယ။်

7. ဝိုင်နီ

         ဝိုင်နီက သွားတွေကိုမီးခိုးရောင်စွဲစေပြီး ဒါက အဝါရောင်ထက်ပိုပြီးချွတ်ရခက်စေပါတယ်။ သို့သော်လည်း ဒီဝိုင်နီက သွားအခေါင်းပေါက်ဖြစ်ခြင်းမှ ကာကွယ်နိုင်တဲ့ကောင်းကျိုးလည်းရှိတဲ့အတွက် အတန်အသင့်သောက်သုံးနိုင်ပါတယ်။

8. ဝိုင်ဖြူ

         ဝိုင်ဖြူကလည်း သွားအဖြူတွေကို အရောင်ပြောင်းစေနိုင်ပါတယ်။ ဝိုင်ဖြူအပျော့စားကပိုပြီး အရောင်စွဲစေ ပါတယ်။ ဝိုင်ကိုယ်တိုင်က အရောင်မစွဲစေရင်တောင် သူ့မှာပါတဲ့အက်ဆစ်ဓာတ်က သွားမျက်နှာပြင်ပေါ်မှာ အပေါက်ငယ်လေးတွေဖြစ်စေပြီး အခြားအချိုရည်တွေကို သွားထဲကိုပိုဝင်စေပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com