ဘာကြောင့် ကိုယ်နံ့ဆိုးထွက်ရသလဲ
ပါးစပ်မှာ ဘက်တီးရီးယားပိုးပေါင်း 500 ကျော်တောင်ရှိနေနိုင်တဲ့အတွက် ပါးစပ်ကို ဘက်တီးရီးယားတွေရဲ့ အသိုက်အမြုံလို့တောင်ခေါ်လို့ရပါတယ်။ ယင်းဘက်တီးရီးယားပိုးတွေက အစာအကြွင်းအကျန်တွေကိုဖြိုခွဲပေးပြီး ကြက်ဥပုပ်နံ့နဲ့တူတဲ့ ဆာလဖာဒြပ်ပေါင်းကိုထုတ်ပေးပါတယ်။ ဆလဖာဒြပ်ပေါင်းဟာ သွေးကြော၊ အဆုတ်နဲ့ ချေွးပေါက်တွေဆီရောက်သွားပြီး ခန္ဓာကိုယ်အန့ံထွက်ပေါ်လာတာပါ။ ဒါကြောင့် ခန္ဓာကိုယ်အန့ံအသက်ဟာ စားသောက်တဲ့အစားအစာနဲ့သက်ဆိုင်ပါတယ်။ အချို့သော အစားအစာတွေက ဘက်တီးရီးယားပိုးပွားများမှုကို လှု့ံဆော်ပေးပါတယ်။
နို့ထွက်ပစ္စည်းများ၊ အသား၊ ငါး စတဲ့ပရိုတင်းပါ၀င်မှုများတဲ့အစာတွေ၊ ခံတွင်းခြောက်စေတဲ့ အရက်၊ စီးကရက်တွေက ဘက်တီးရီးယားပိုးရှင်သန်စေဖို့ အားပေးစေနိုင်သလို ကော်ဖီ၊ အချိုဓာတ်ကဲအစားအစာတွေကလည်း ဘက်တီးရီးယားပိုးပေါက်ပွားမှုကိုတိုးပွာစေပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူမှာ ပင်ကိုဆာလဖာဒြပ်ပေါင်းပါပြီးသားပါ။ ဘက်တီးရီးယားပိုးတွေ ပိုပေါက်ပွားလေ ဆာလဖာဒြပ်ပေါင်းပိုထုတ်နိုင်လေဖြစ်ပြီး ကိုယ်အနံ့ဆိုးထွက်စေနိုင်တာကြောင့် ဘက်တီးရီးယားပိုးမွှားများကိုအားမပေးတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံကို များများစားပေးသင့်ပါတယ်။






























