ဘာကြောင့် အစာအိမ်အူသိမ်အနာ ဖြစ်ရတာလဲ
အစာအိမ်နဲ့အူသိမ်အပေါ်ပိုင်းရဲ့ အတွင်းနံရံမှာ အနာဖြစ်တာကို အစာအိမ်အူသိမ်နာလို့ခေါ်ပြီး ဗိုက်အောင့်တဲ့ဝေဒနာနဲ့ ဆေးခန်းကို ရောက်လာတတ်ပါတယ်။ အစာအိမ်နံရံမှာဖြစ်တဲ့ အစာအိမ်အနာနဲ့ အစာအိမ်အဆုံး အူသိမ်အထက်ပိုင်းနားမှာဖြစ်တဲ့ အူသိမ်အနာဆိုပြီး နှစ်မျိုးရှိပါတယ်။
အများဆုံးကတော့ Helicobacter pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်နဲ့ အချို့အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲသောက်တာကြောင့် ဖြစ်လေ့ရှိပါတယ်။ စတီးရွိုက်၊ သွေးကြဲဆေး စတဲ့ တခြားဆေးတချို့ကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။
ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကလည်း အစာအိမ် အူသိမ်အနာဖြစ်စေနိုင်တဲ့ အကြောင်းရင်းထဲ ပါပါတယ်။ စိတ်ဖိစီးမှုနဲ့ အပူအစပ်တွေက အစာအိမ်အူသိမ်အနာ ဖြစ်နေတဲ့သူတွေမှာတော့ ရောဂါလက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။
Kremil-S 1
>> ရောဂါလက္ခဏာတွေကတော့ -
● ဗိုက်အောင့်ခြင်း
● လေပွလေကယ်ဖြစ်ခြင်း
● ဆီကြော်မုန့်တွေမစားနိုင်ခြင်း
● ရင်ပူခြင်း
● ပျို့ခြင်း စတာတွေနဲ့လာနိုင်ပါတယ်။
အစာမရှိရင်၊ အစာအိမ်အချဉ်ဓာတ်များနေရင် ပိုဆိုးတတ်ပြီး အစာတစ်ခုခု စားလိုက်ရင်၊ အက်ဆစ်နည်းစေတဲ့ အစာအိမ်လေဆေး တစ်ခုခုသောက်လိုက်ရင် ခဏသက်သာသွားတတ်ပါတယ်။
Kremil-S 2
>> တစ်ခါတလေ ရှားရှားပါးပါးမှာ -
● အန်ခြင်း၊ သွေးအန်ခြင်း
● ဝမ်းမည်းမည်းသွားခြင်း
● အသက်ရှူကြပ်ခြင်း
● မူးဝေခြင်း
● ပျို့ခြင်း၊ အန်ခြင်း
● အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
● အစားအသောက်ပျက်ခြင်းစတဲ့ ရောဂါလက္ခဏာအပြင်းစားတွေလည်း ခံစားရတတ်ပါတယ်။
ဒီလိုရောဂါလက္ခဏာအပြင်းစားတွေ ခံစားရရင်သော်လည်းကောင်း၊ အက်ဆစ်ကျစေတဲ့ အစာအိမ်ဆေးတွေသောက်လို့ မသက်သာရင်သော်လည်းကောင်း ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























